သားလေး တစ်ကယ်အဆင့်အတန်းရှိတယ် အဆင့်အတန်းမြင့်တယ်ဆိုတာ ငွေကြေးဥစ္စာဓနချမ်းသာကြွယ်ဝတာ ဂုဏ်ထူး ရာထူး ရှိတာကိုဆိုလိုတာမဟုတ်ဘူး။ စာနာနားလည်တတ်တယ်။ သည်းခံခွင့်လွှတ်တတ်တယ်။ တစ်ကိုယ်ကောင်းမဆန်ဘူး။ အတ္တမကြီးဘူး။ လူလူချင်းအဆင့်အတန်းမခွဲဘူး။ စိတ်စေတနာကောင်းတယ်။ ကူညီရိုင်းပင်းချင်တဲ့စိတ်ရှိတယ်။ သူတစ်ပါးကိုလေးစားတယ်။ နိုင်လိုမင်းထက်မလုပ်ဘူး။ လေသံမာမာနဲ့အထက်စီးကမပြောဘူး။ အဲဒီလိုလူမျိုးနဲ့တွေ့ရင်အဆင့်အတန်းရှိ တဲ့လူလို့ယေဘုယျအားဖြင့်သတ်မှတ်ရ မယ် ။ သားလေး ဆက်ပြောရဦးမယ် မိမိအတွက်တိုးတက်မှုမရှိ အကျိုးမရှိတဲ့အရပ်ဒေသမှာ အကြာကြီးမနေသင့်ဘူး။ အဲဒီနေရာကနေ လွန်မြောက်ဖို့ ဖောက်ထွက်ဖို့ကိုကျိုးစားရမယ် - သား ။ သမီးနဲ့သားတို့ရဲ့ - မေမေ
Posts
Showing posts from February, 2015
နဂါးနီစာအုပ်အသင်းစတင်တည်ထောင်သူ
- Get link
- X
- Other Apps
ထွန်းအေး၊ ဦး (နဂါးနီ) အပိုင်း -၂ နဂါးနီ ဦးထွန်းအေး(၂) အဘ ဦးဘိုးသိန်း အမိဒေါ်ရှင် တို့မှ ၁၉၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် နေ့တွင် ထားဝယ်မြို့ ကညုံရပ်၌ စတုတ္ထမြောက်သားအဖြစ် မွေးဖွားသည်။ ထားဝယ်မြို့ အမျိုးသားကျောင်းမှာ စတုတ္ထတန်းအထိပညာသင်ခဲ့ပြီး ၁၉၃၀ မှာမိဘများတာဝန်အရပြောင်းရွှေ့ရာ မော်လမြိုင်မြို့သို့ရောက်ပြီး မော်လမြိုင် အစိုးရအထက်တန်းကျောင်းတွင် ၄ တန်းမှ ၆ တန်းအထိပညာသင်ယူခဲ့သည်။ အပေါင်းအသင်းများလာသောကြောင့် မိဘများက ထားဝယ်မြို့သို့ပြန်ပို့လိုက်သည်။ ၁၉၃၆- ခုနှစ်တွင် ထားဝယ်မြို့ ဟိုက်စကူးကျောင်းမှ ၁၀ တန်းအောင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်တွင် ထားဝယ်ကျောင်းသားသပိတ်ခေါင်းဆောင်တစ်ဦးအ ဖြစ် ဝန်ကြီးချူပ်ဟောင်း ဦးဗဆွေနှင့်အတူ လက်တွဲလှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ဝန်ကြီးချုပ်ဟောင်းဦးနုနှင့် လက်တွဲ၍ နဂါးနီစာအုပ်အသင်းကိုတည်ထောင်ခဲ့ပြီး ၁၉၃၈ မှ ၁၉၄၁ ခုနှစ်အထိ ထွန်းအေးစာအုပ်ဖြန့်ချိရေး ကို ကိုယ်ပိုင်တည်ထောင်ကာလက်ဝဲစာ အုပ်များကို ဆက်လက်ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၂ ခုနှစ်ထိ ရန်ကုန်မြို့တော် ငြိမ်းချမ်းရေးအဖွဲ့ (PEACE
ပေါ်ပြူလာနိုင်ငံရေး
- Get link
- X
- Other Apps
ပေါ်ပြူလာနိုင်ငံရေး နှင့် အာဏာနိုင်ငံရေး  (“သခင်ဗသိန်းတင်ပြောတဲ့စကား”) ဒီနေ့ကာလမှာ ကိုယ့်ကိုဝန်းရံနေတဲ့ ပြည်သူတွေကို ‘ရရင် ရ - မရရင် ချ’ ဆိုတဲ့ အတွေးအခေါ် တပ်ဆင်ထားနိုင်ရင် အောင်ပွဲနဲ့ နီးပါတယ်။ ‘ပေးမှ ယူမယ်’ ဆိုရင်တော့ အာဏာနဲ့ ဝေးပါမယ်။ အရင်းရှင် ဒီမိုကရေစီနိုင်ငံတွေမှာ စဉ်းစားသလို၊ လုပ်သလို စဉ်းစားလုပ်ဆောင်နေလို့ကတော့ ပြည်သူတွေ အောင်ပွဲစော် မနံနိုင်ကြောင်း …” (၁) ဗမာပြည်နိုင်ငံရေးမှာ ကောင်းတဲ့အစဉ်အလာတွေ ရှိခဲ့သလို မကောင်းတဲ့ အစဉ်အလာတွေလည်း ရှိခဲ့တယ်။ လူထုအားကို အခြေခံပြီး ဒီမိုကရေစီနည်းကျ စည်းရုံးယှဉ်ပြိုင်တာမျိုး တချို့က မလုပ်ချင်ကြဘူး။ မလုပ်နိုင်ကြဘူး။ လူပုဂ္ဂိုလ်တဦး ရှေ့တန်းရောက်လာ ပေါ်ပြူလာဖြစ်လာရင် ဘယ်လိုဆွဲချပစ်ရမလဲ၊ ဘယ်လိုရှင်းပစ်ကြမလဲ စဉ်းစားသူတွေရှိခဲ့တယ်။ ဒီကောင် လူတွင်ကျယ် လုပ်နေတယ်၊ ရှင်းပစ်ဆိုတဲ့ အတွေးအခေါ်တွေ၊ လုပ်ဟန်တွေ ထွန်းကားလာခဲ့တာ လွတ်လပ်ရေး အကြိုကာလကတည်းက ဖြစ်တယ်။ ဒီလိုနဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရေတိမ်နစ်ခဲ့ရတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွတ် ဗုံးခွဲလုပ်ကြံတာ ခံခဲ့ရတယ်။ လွတ်လပ်ရေးရပြီးတော့ ဒီလုပ်ဟန်မျိုး ပိုများလာတယ်။