ဗမာပြည်ကွန်မြူ နစ်ပါတီဌာနချုပ်ဟောင်းသို့အလည်တစ်ခေါက်
ဌာနချုပ်ဟောင်းသို့အလည်တစ်ခေါက် ဗမာပြည် ကွန်မြူနစ် ပါတီသည် မာ့ခ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်ကို ၎င်းပါတီ၏ အတွေးအခေါ်ကို လမ်းညွှန်သော သဘောတရား အခြေခံနှင့် လမ်းညွှန်အဖြစ် ခံယူကျင့်သုံးသည်။ လက်ရှိတွင် ပစ္စည်းမဲ့ နိုင်ငံတကာ ဝါဒကို လက်ခံ၍ ပါတီ၏ တော်လှန်သော ပြည်ချစ်ဝါဒ ကို ကျင့်သုံးလျက် ရှိသည်။ သမိုင်းအတွေ့အကြုံ အရ လက်နက်ကိုင် တိုက်ပွဲကို ရွေးချယ်စရာ လမ်းတစ်ခု အဖြစ် အမြဲတမ်း ထားရှိသော နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ ၁၉၃၉ ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် ရန်ကုန်မြို့ ဘား လမ်း(ခ) မဟာဗန္တုလပန်းခြံလမ်းရှိ အခန်းငယ် တစ်ခန်းတွင် အောက်ပါ ၇ ဦး တွေ့ဆုံကာ ဗမာပြည် ကွန်မြူနစ် ပါတီကို မြေအောက် ပါတီအဖြစ် စတင် တည်ထောင်ခဲ့ကြသည်။ သခင်အောင်ဆန်း သခင်ဗဟိန်း ရဲဘော်ဘတင် ခေါ် ဂိုရှယ် သခင်စိုး သခင်လှဖေ နောင်အခါ ဗိုလ်လက်ျာ ရဲဘော်တင်မောင် သခင်ဘို အစဉ်အဆက် ခေါင်းဆောင်များ ထို စတင် တည်ထောင်စဉ်ကာလ ၁၉၃၉ ခုနှစ်မှ ယခုအချိန်အထိ အစဉ်အဆက် ခေါင်းဆောင်များမှာ... အတွင်းရေမှုး သခင်အောင်ဆန်း အတွင်းရေးမှုး သခင်စိုး အတွင်းရေးမှုး သခင်သိန်းေ