Posts

Showing posts from June, 2016

ဗမာပြည်​ကွန်​မြူ နစ်​ပ၊တီ၏​နောက်​ဆုံးဥက္ကဌကြီး "သခင်​ဗသိန်းတင်​"

Image
ဗသိန်းတင်၊ သခင် သခင်ဗသိန်းတင် သည် ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့သော နောက်ဆုံးဥက္ကဋ္ဌကြီး ဖြစ်သည်။ ငယ်ဘဝ သခင်ဗသိန်းတင်ကို ၁၉၁၃ ခုနှစ်တွင် ထားဝယ်မြို့ပရစ်ရပ်တွင် သတ္တုတွင်းပိုင်ရှင် အဖ ဦးဘအို (ထားဝယ်လူမျိုး)၊ အမိ ဒေါ်စောခင် (ဗမာ လူမျိုး) တို့မှဖွားမြင်ခဲ့သည့် ဒုတိယမြောက်သားဖြစ်သည်။ မွေးချင်းမှာ အစ်ကို ကိုစိန်ကြည်၊ ညီမ မသောင်းစု၊ ညီ ကိုမျိုးအောင်တို့ ဖြစ်ကြသည်။ မွေးချင်း ၁၂ ဦးဖြစ်သည်။ သခင်ဗသိန်းတင်၏ မွေးချင်းတို့အနက် ဗိုလ်မှူးကြီး ဖေသက်၊ ဗိုလ်မှူးကြီး မျိုးအောင်၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါ ​မောက္ခ ဒေါက်တာစိုးမြင့်တို့မှာ ထင်ပေါ်ကြားသူများ  ဖြစ်​ ကြသည်။ နိုင်ငံရေး သခင်ဗသိန်းတင်သည် ၁၉၃၁ ခုနှစ်တွင် ထားဝယ်မြို့ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်-မြန်မာ (၁၀) တန်းအောင်ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ ဆက် လက်ပညာသင်ကြားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၃၉ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၀  ပြည့်နှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီဝင် ဖြစ်လာခဲ့ သည်။ ယင်းနောက် ဂျပန်ခေတ် ၁၉၄၂ ခုနှစ်တွင် ထားဝယ်မြို့ ဘီအိုင်အေ အုပ်ချုပ်ရေးဌာနတွင် ဆရာဉာဏ်လှိုင်