Posts

Showing posts from December, 2017

ပြောခွင့်ရှိကပြောပါရစေ

Image
ပြောခွင့်ရှိကပြောပါရစေ *ဂျော့ခ်ျဆိုရော့နှင့်ဘာတေးလင့်တနာ* EIR အဖွဲ့၏ ထောက်လှမ်းတင်ပြချက် စာစောင် ၁၉၉၇ခုနှစ် ဧပြီလထုတ် အပိုင်း(၃) တွင် မြန်မာနိုင်ငံနှင့် ဆိုရော့စ်ဝင်ရောက် ခြေရှုပ် စွက်ဖက်မှုအကြောင်းတို့ကို စကော့သွန်မဆင် နှင့် ဟယ်လင်ဘရွိုက်ခ်ျတို့က တင်ပြထားသည်။ ကောက်နုတ်တင်ပြပါမည်။ 13 Activities in Asia ခေါင်းစဉ်ငယ် အောက်၌A -အိန္ဒိယနိုင်ငံအကြောင်း တင်ပြပြီး B -Burma မြန်မာအကြောင်း ဤသို့ဖော်ပြထား ပါသည်။ ''ဂျော့ဆိုရော့စ်၏ နယူးယောက်အခြေစိုက် ထင်သာမြင်သာ လူ့အဖွဲ့အစည်းက မြန်မာနိုင်ငံ ၏ ၁၉၈၈ ခုနှစ် (ရှစ်လေးလုံးအရေးအခင်း)တွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမို ကရေစီတောင်းဆိုတိုက်ပွဲဝင်ခဲ့သူများအား မြန်မာ စစ်အစိုးရက မည်ကဲ့သို့ ချေမှုန်းခဲ့သည်ကို ၁၉၉၄ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားပေသည်။ ထို အရေးအခင်းကို ဆိုရော့စ်ဖန်တီးသော မြန်မာစီမံ ချက်(Burma Project)က မြန်မာစစ်အစိုးရ အပေါ် နိုင်ငံတကာက ဆန့်ကျင်ဖိအားပေးစေရန် အားထုတ်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံ မှ ပညာရေးနယ်ပယ်၊ မီဒီယာစာနယ်ဇင်းနယ် ပယ်မှ ပုဂ္ဂိုလ် ၄ဝ နှင့်အဖွဲ့အစည်းများကို ဆိုရော့စ်က ငွေကြေးထောက်ပံ့ပေးကမ်းခဲ့သည်။ ဆို