Posts

Showing posts from 2019
Image
ဖိုးသံချောင်းမှ ပြန်လှန်ဖြေကြားစာနှင့်သတိပေးချက် (မြေး-သက်ထားဗသိန်းတင်မှတင်ပြပါသည်။) (နောင်တွင်သေချာပါမှရေးသားသင့်ကြောင်းကိုမှတ် သားသင့်ပါသည်။နောက်တစ်ကြိမ်တွင်စာဖြင့်ပြန်လည် ရေးသားရန်အားမည်မဟုတ်ပါ။) မိုးမခ Web မဂ္ဂဇင်းပါ သန်းဝင်းလှိုင်၏ သမိုင်းတကွေ့မှ သခင်ဗသိန်းတင် စာစုနှင့်ပါတ်သက်၍ ဖိုးသံချောင်းမှ ဦးပန်တျာ သို့ ပြန်လှန်ဖြေကြားစာ (မိုးမခဆိုဒ်က စာမူလင့်ခ် http://moemaka.com/?p=27449 မိတ်ဆွေကြီး ဦးပန်တျာခင်ဗျား …မိတ်ဆွေကြီး ဦးပန်တျာခင်ဗျား … ဦးပန်တျာမေးမြန်းတဲ့ ဆောင်းပါးထဲမှာ  အမှားတွေများလိုက်တာ ထောက်ပြချင်စိတ်တောင် ကုန်တယ်လို့ ပြောချင်ပါ တယ်။ သခင်သန်းထွန်း နောက်ဆုံးနေ့များ၊ မြက်ခင်းသစ် စတဲ့ စာအုပ်တွေထဲက စစ်အစိုးရ ၀ါဒဖြန့်တာတွေကို မစိစစ် ဘဲ ကူးထည့်ထားဟန်တူပါတယ်။ သခင်ဗသိန်းတင် နောက်အိမ်ထောင်ပြုတယ်ဆိုတာ လုံးဝမဟုတ်ပါ။ သူဟာဒီဘက်မှာ သူတော်စင်ပါ။ “ဝ” ခေါင်းဆောင် ကျောက်ညီလိုင်ရောက်လာပြီး … “အဘိုးကြီး ကျွန်တော်တို့တော့ ပုန်ကန်လိုက်ပါပြီ။ ကျွန်တော်တို့နဲ့ ပူးပေါင်းရင် နာယကကြီးအဖြစ် တင်မြှောက်ပြီး စောင့် ရှောက်ပါ့မယ်” ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ကျောက်ညီလိုင် မလာပါ။ မုန်းလီမှာနေခွင
Image
နဂါးနီ ဦးထွန်းအေး(၁၉၁၇-၂၀၀၁) အဘ ဦးဘိုးသိန်း အမိဒေါ်ရှင် တို့မှ ၁၉၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် နေ့တွင် ထားဝယ်မြို့ ကညုံရပ်၌ စတုတ္ထမြောက်သားအဖြစ် မွေးဖွားသည်။ ထားဝယ်မြို့ အမျိုးသားကျောင်းမှာ စတုတ္ထတန်းအထိပညာသင်ခဲ့ပြီး ၁၉၃၀ မှာမိဘများတာဝန်အရပြောင်းရွှေ့ရာ မော်လမြိုင်မြို့သို့ရောက်ပြီး မော်လမြိုင် အစိုးရအထက်တန်းကျောင်းတွင် ၄ တန်းမှ ၆ တန်းအထိပညာသင်ယူခဲ့သည်။ အပေါင်းအသင်းများလာသော ကြောင့် မိဘများက ထားဝယ်မြို့သို့ပြန်ပို့လိုက်သည်။ ၁၉၃၆- ခုနှစ်တွင် ထားဝယ်မြို့ ဟိုက်စကူးကျောင်းမှ ၁၀ တန်းအောင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်တွင် ထားဝယ်ကျောင်းသားသပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ဝန်ကြီးချူပ်ဟောင်း ဦးဗဆွေနှင့်အတူ လက်တွဲလှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင်ရန်‌ကုန်‌တက္ကသိုလ်‌ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ဝန်ကြီးချုပ်ဟောင်းဦးနုနှင့် လက်တွဲ၍ နဂါးနီစာအုပ်အသင်းကိုတည်ထောင်ခဲ့ပြီး ၁၉၃၈ မှ ၁၉၄၁ ခုနှစ်အထိ ထွန်းအေးစာအုပ်ဖြန့်ချိရေး ကို ကိုယ်ပိုင်တည်ထောင်ကာလက်ဝဲစာအုပ်များကို ဆက်လက်ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၂ ခုနှစ်ထိ ရန်ကုန်မြို့တော် ငြိမ်းချမ်းရေးအဖွဲ့ (PEACE PRESERVATION COMMITTEE) တွင်