၈၈ - စစ်အစိုးရနှင့်ကွန်မြူနစ်ပါတီ( မြန်မာပြည်) ယခင်မဖြစ်ခဲ့ဖူးသည့်ဖြစ်ထွန်းမှုများနှင့် ပတ်သက်သော မြန်မာတပ်မတော် အစိုးရ မှာ ရှုပ်ရှုပ်ထွေးထွေး နိုင်သလို ခုတစ်မျိုး၊ တော်ကြာတစ်မျိုး အပြောင်းအလဲလည်း မြန်လှသည်။ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက် တပ်မတော်အနေနှင့် ၎င်း၏အခိုင်အမာ အာဏာစက်ကို အင်အားသုံး ပြသခဲ့ပြီးနောက် ၎င်း၏လုပ်ရပ်များ တရားကြောင်း သက်သေပြနိုင်ရန် ထုံးစံအတိုင်း ‘ဗကပ ခြိမ်းခြောက်မှု’ဆိုသည်ကို ကြိုးစား ဖော်ထုတ်ခဲ့သည်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့ထုတ် အစိုးရအာဘော် သတင်းစာ ‘လုပ်သား ပြည်သူ့နေ့စဉ်’ တွင် ထူးထူးခြားခြား စိတ်ကူးကောင်းသည့် ဆောင်းပါးတစ်ပုဒ် ပါလာသည်။ ဆောင်းပါး ခေါင်းစဉ်မှာ ‘ဒီမိုကရေစီ ကြွေးကြော်သံများ ကြားမှ ဗကပ ပဉ္စမံ တပ်သားများ’ ဟူ၏။ (အစိုးရက CPB ကို ဗကပဟု အမြဲသုံးသည်။) ဤဆောင်းပါးတွင် ယခုလို ရေးထားသည်။ “ကျောင်းသားများ အင်အားစု တစ်ရပ်အဖြစ် စုစည်းလာသည်နှင့် ဗကပ အမာခံ ကျောင်းသားများမှာ ခေါင်းဆောင်မှု နေရာများကို ရယူလိုက်ကြပါသည်။ သာမန် မကျေနပ် စိတ်သာရှိကြသော ရိုးရိုးကျောင်းသားများ အနေနှင့် ဗကပ ကလာပ်စည်းဝင် ကျောင်းသားများ၏ စစ်သွေးကြွ လှုပ်ရှားမှုများကို မည်သို့မျှ ယှဉ်...