ဖိုးသံချောင်းမှ ပြန်လှန်ဖြေကြားစာနှင့်သတိပေးချက် (မြေး-သက်ထားဗသိန်းတင်မှတင်ပြပါသည်။) (နောင်တွင်သေချာပါမှရေးသားသင့်ကြောင်းကိုမှတ် သားသင့်ပါသည်။နောက်တစ်ကြိမ်တွင်စာဖြင့်ပြန်လည် ရေးသားရန်အားမည်မဟုတ်ပါ။) မိုးမခ Web မဂ္ဂဇင်းပါ သန်းဝင်းလှိုင်၏ သမိုင်းတကွေ့မှ သခင်ဗသိန်းတင် စာစုနှင့်ပါတ်သက်၍ ဖိုးသံချောင်းမှ ဦးပန်တျာ သို့ ပြန်လှန်ဖြေကြားစာ (မိုးမခဆိုဒ်က စာမူလင့်ခ် http://moemaka.com/?p=27449 မိတ်ဆွေကြီး ဦးပန်တျာခင်ဗျား …မိတ်ဆွေကြီး ဦးပန်တျာခင်ဗျား … ဦးပန်တျာမေးမြန်းတဲ့ ဆောင်းပါးထဲမှာ အမှားတွေများလိုက်တာ ထောက်ပြချင်စိတ်တောင် ကုန်တယ်လို့ ပြောချင်ပါ တယ်။ သခင်သန်းထွန်း နောက်ဆုံးနေ့များ၊ မြက်ခင်းသစ် စတဲ့ စာအုပ်တွေထဲက စစ်အစိုးရ ၀ါဒဖြန့်တာတွေကို မစိစစ် ဘဲ ကူးထည့်ထားဟန်တူပါတယ်။ သခင်ဗသိန်းတင် နောက်အိမ်ထောင်ပြုတယ်ဆိုတာ လုံးဝမဟုတ်ပါ။ သူဟာဒီဘက်မှာ သူတော်စင်ပါ။ “ဝ” ခေါင်းဆောင် ကျောက်ညီလိုင်ရောက်လာပြီး … “အဘိုးကြီး ကျွန်တော်တို့တော့ ပုန်ကန်လိုက်ပါပြီ။ ကျွန်တော်တို့နဲ့ ပူးပေါင်းရင် နာယကကြီးအဖြစ် တင်မြှောက်ပြီး စောင့် ရှောက်ပါ့မယ်” ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ကျောက်ညီလိုင် မလာပါ။ မုန်းလီမှာေ...