Posts

Image
ဖိုးသံချောင်းမှ ပြန်လှန်ဖြေကြားစာနှင့်သတိပေးချက် (မြေး-သက်ထားဗသိန်းတင်မှတင်ပြပါသည်။) (နောင်တွင်သေချာပါမှရေးသားသင့်ကြောင်းကိုမှတ် သားသင့်ပါသည်။နောက်တစ်ကြိမ်တွင်စာဖြင့်ပြန်လည် ရေးသားရန်အားမည်မဟုတ်ပါ။) မိုးမခ Web မဂ္ဂဇင်းပါ သန်းဝင်းလှိုင်၏ သမိုင်းတကွေ့မှ သခင်ဗသိန်းတင် စာစုနှင့်ပါတ်သက်၍ ဖိုးသံချောင်းမှ ဦးပန်တျာ သို့ ပြန်လှန်ဖြေကြားစာ (မိုးမခဆိုဒ်က စာမူလင့်ခ် http://moemaka.com/?p=27449 မိတ်ဆွေကြီး ဦးပန်တျာခင်ဗျား …မိတ်ဆွေကြီး ဦးပန်တျာခင်ဗျား … ဦးပန်တျာမေးမြန်းတဲ့ ဆောင်းပါးထဲမှာ  အမှားတွေများလိုက်တာ ထောက်ပြချင်စိတ်တောင် ကုန်တယ်လို့ ပြောချင်ပါ တယ်။ သခင်သန်းထွန်း နောက်ဆုံးနေ့များ၊ မြက်ခင်းသစ် စတဲ့ စာအုပ်တွေထဲက စစ်အစိုးရ ၀ါဒဖြန့်တာတွေကို မစိစစ် ဘဲ ကူးထည့်ထားဟန်တူပါတယ်။ သခင်ဗသိန်းတင် နောက်အိမ်ထောင်ပြုတယ်ဆိုတာ လုံးဝမဟုတ်ပါ။ သူဟာဒီဘက်မှာ သူတော်စင်ပါ။ “ဝ” ခေါင်းဆောင် ကျောက်ညီလိုင်ရောက်လာပြီး … “အဘိုးကြီး ကျွန်တော်တို့တော့ ပုန်ကန်လိုက်ပါပြီ။ ကျွန်တော်တို့နဲ့ ပူးပေါင်းရင် နာယကကြီးအဖြစ် တင်မြှောက်ပြီး စောင့် ရှောက်ပါ့မယ်” ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ကျောက်ညီလိုင် မလာပါ။ မုန်းလီမှာနေခွင
Image
နဂါးနီ ဦးထွန်းအေး(၁၉၁၇-၂၀၀၁) အဘ ဦးဘိုးသိန်း အမိဒေါ်ရှင် တို့မှ ၁၉၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် နေ့တွင် ထားဝယ်မြို့ ကညုံရပ်၌ စတုတ္ထမြောက်သားအဖြစ် မွေးဖွားသည်။ ထားဝယ်မြို့ အမျိုးသားကျောင်းမှာ စတုတ္ထတန်းအထိပညာသင်ခဲ့ပြီး ၁၉၃၀ မှာမိဘများတာဝန်အရပြောင်းရွှေ့ရာ မော်လမြိုင်မြို့သို့ရောက်ပြီး မော်လမြိုင် အစိုးရအထက်တန်းကျောင်းတွင် ၄ တန်းမှ ၆ တန်းအထိပညာသင်ယူခဲ့သည်။ အပေါင်းအသင်းများလာသော ကြောင့် မိဘများက ထားဝယ်မြို့သို့ပြန်ပို့လိုက်သည်။ ၁၉၃၆- ခုနှစ်တွင် ထားဝယ်မြို့ ဟိုက်စကူးကျောင်းမှ ၁၀ တန်းအောင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်တွင် ထားဝယ်ကျောင်းသားသပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ဝန်ကြီးချူပ်ဟောင်း ဦးဗဆွေနှင့်အတူ လက်တွဲလှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင်ရန်‌ကုန်‌တက္ကသိုလ်‌ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ဝန်ကြီးချုပ်ဟောင်းဦးနုနှင့် လက်တွဲ၍ နဂါးနီစာအုပ်အသင်းကိုတည်ထောင်ခဲ့ပြီး ၁၉၃၈ မှ ၁၉၄၁ ခုနှစ်အထိ ထွန်းအေးစာအုပ်ဖြန့်ချိရေး ကို ကိုယ်ပိုင်တည်ထောင်ကာလက်ဝဲစာအုပ်များကို ဆက်လက်ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၂ ခုနှစ်ထိ ရန်ကုန်မြို့တော် ငြိမ်းချမ်းရေးအဖွဲ့ (PEACE PRESERVATION COMMITTEE) တွင်
Image
မြန်မာနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြသောတိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးရှိသည်ဟူ၍နိုင်ငံတော် မှထုတ်ပြန်ခဲ့ချက်အရသိရှိရသည့်တိုင်းရင်းသား ၁၃၅  ၁- ကချင်                                                        ၂- ကယား(ကရင်နီ) ၃- ကယမ်း(ပဒေါင်) ၄- ကရင်ဖြူ ၅- ကလင်တော(လူရှေ) ၆- ကော် ၇- ကိုးကန့် ၈- ကွီ ၉- ခမီ ၁၀- ခေါနိုး ၁၁- ခေါင်းအိုင်ချင်း ၁၂- ခန္တီးရှမ်း ၁၃- ချင်း ၁၄- ချောင်းသား ၁၅- ခွါဆင်းမဲ ၁၆- ခွန်လီ ခေါ်ဆင်းမ် ၁၇- ဂဒူး ၁၈- ဂဏန်း ၁၉- ဂေခို ၂၀- ဂေဘာ ၂၁- ဂုံ (ခွန်ရှမ်း) ၂၂- ဂျိန်ဖေါ့ ၂၃- ဂွေးသဲ ၂၄- စကောကရင် ၂၅- စနော ၂၆- စမူ ၂၇- စုံ(သဲ) ၂၈- ဆလိုင် ၂၉- ဆလုံ ၃၀- ဆင်ထန် ၃၁- ဆိုင်ထန် ၃၂- ဇယိန်း ၃၃- ဇာထောင် ၃၄- ဇိဖေ ၃၅- ဇိထုံး ၃၆- ဇို ၃၇- ဇိင်ဝါး ၃၈- ဇိန်ညှပ်(ဇန်နီယပ်) ၃၉- ဇွန်း ၄၀- တပေါင် ၄၁- တလယ်ပွါ ၄၂- တာဒိုး ၄၃- တီးတိန် ၄၄- တေဇန် ၄၅- တောရ် ၄၆- တောင်ရိုး ၄၇- တိုင်ချွန်း ၄၈- တိုင်းခန္တီး ၄၉- တိုင်းဆာ (မိုင်းသာ) ၅၀- တိုင်းလေ ၅၁- တိုင်းလိုင် (တိုင်းလျန်) ၅၂- တိုင်းလုံ ၅၃- တိုင်းလွယ် ၅၄-

ပြောခွင့်ရှိကပြောပါရစေ

Image
ပြောခွင့်ရှိကပြောပါရစေ *ဂျော့ခ်ျဆိုရော့နှင့်ဘာတေးလင့်တနာ* EIR အဖွဲ့၏ ထောက်လှမ်းတင်ပြချက် စာစောင် ၁၉၉၇ခုနှစ် ဧပြီလထုတ် အပိုင်း(၃) တွင် မြန်မာနိုင်ငံနှင့် ဆိုရော့စ်ဝင်ရောက် ခြေရှုပ် စွက်ဖက်မှုအကြောင်းတို့ကို စကော့သွန်မဆင် နှင့် ဟယ်လင်ဘရွိုက်ခ်ျတို့က တင်ပြထားသည်။ ကောက်နုတ်တင်ပြပါမည်။ 13 Activities in Asia ခေါင်းစဉ်ငယ် အောက်၌A -အိန္ဒိယနိုင်ငံအကြောင်း တင်ပြပြီး B -Burma မြန်မာအကြောင်း ဤသို့ဖော်ပြထား ပါသည်။ ''ဂျော့ဆိုရော့စ်၏ နယူးယောက်အခြေစိုက် ထင်သာမြင်သာ လူ့အဖွဲ့အစည်းက မြန်မာနိုင်ငံ ၏ ၁၉၈၈ ခုနှစ် (ရှစ်လေးလုံးအရေးအခင်း)တွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမို ကရေစီတောင်းဆိုတိုက်ပွဲဝင်ခဲ့သူများအား မြန်မာ စစ်အစိုးရက မည်ကဲ့သို့ ချေမှုန်းခဲ့သည်ကို ၁၉၉၄ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားပေသည်။ ထို အရေးအခင်းကို ဆိုရော့စ်ဖန်တီးသော မြန်မာစီမံ ချက်(Burma Project)က မြန်မာစစ်အစိုးရ အပေါ် နိုင်ငံတကာက ဆန့်ကျင်ဖိအားပေးစေရန် အားထုတ်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံ မှ ပညာရေးနယ်ပယ်၊ မီဒီယာစာနယ်ဇင်းနယ် ပယ်မှ ပုဂ္ဂိုလ် ၄ဝ နှင့်အဖွဲ့အစည်းများကို ဆိုရော့စ်က ငွေကြေးထောက်ပံ့ပေးကမ်းခဲ့သည်။ ဆို
Image
သူငယ်ချင်း တကယ်တော့ သူငယ်ချင်းဆိုတာ သွေးသားမတော်စပ်သူတွေဖြစ်ပေ မယ့် သွေးရင်းတွေထက် ပိုရင်းနှီးချစ်ခ င်နိုင်ကြ သူတွေဖြစ်တယ်။ ချစ်သူတွေမဟုတ်ပေမယ့် ချစ်သူတွေထက် ပိုနားလည်နိုင်ကြ သူတွေဖြစ်တယ်။ အကြံပေးအရာရှိတွေမဟုတ်ကြပေမယ့် လိုအပ်လာတဲ့အချိန်မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေလည်း ဖြစ်ကြတယ်။ ရင်ဘတ်ချင်းမတူပေမယ့် မျှဝေခံစားနိုင်ပေးနိုင်ကြသူတွေဖြစ်တယ်။ ကယ်တင်ရှင်ကြီးမဟုတ်ကြပေမယ့် အချင်းချင်း အန စ်နာခံကူညီတတ်သူတွေဖြစ်တယ်။ လိုအပ်ရင် ပုခုံးငှါးပြီး ထုရိုက်ငိုကြွေးခွင့်ပြုကြသူတွေဖြစ်တယ်။ ကိုယ်တိုင်ဆက်မလှမ်းနိုင်လည်း လက်ကမ်းဖို့ အသင့်ရှိသူတွေဖြစ်တယ်။ ရန်သူကြီးတွေမဟုတ်ပေမယ့် ငြင်းလိုက်ခုန် လို က် ၊ စကားများရန်ဖြစ်လိုက် ၊ ကွာပြဲလိုက် ပြန်ပေါင်းလိုက် ၊ ပြောမနာဆိုမနာတွေဖြစ်တယ်။ သူငယ်ချင်းအစစ်ဆိုတာ ကိုယ်မရောက်တဲ့အမြင့်တနေရာမှာ ကိုယ့်သူငယ်ချင်းရောက်နေရင် ဒါငါ့သူငယ်ချင်းကွလို့ ဂုဏ် ယူချင်သူပါ။ ကိုယ့်ထက်နိမ့်ပါးနေရင် ကိုယ်နဲ့တန်းတူမဟုတ်တောင် တတ်နိုင်သမျှ ကူညီမြှင့်တင်ပေးချင်သူပါ။ သူငယ်ချင်းဒုက္ခရောက်နေတယ်ကြားရင် ကိုယ်တိုင်ဒုက္ခရောက်နေသည့်တိုင်အောင် သူစိတ်အားမငယ်ဖ
Image
ဖခင်တစ်ယောက်မှ သူ၏ သမီး သို့ပေးသောစာ။ ။ .............................................................. သမီးရေ ဖေဖေဒီစာကို ရေးလိုက်တာ အကြောင်း အရင်း၃ခုရှိပါတယ်။ ၁။ ဘဝရယ်၊ ကံကြမ္မာ ရယ်၊ ကံဆိုးမိုးမှောင်ကျမှုရယ်ဆိုတဲ့ အရာတွေဟာ ဘယ်တော့မှ ကြိုတင်မှန်းဆလို့ မရပါဘူး။ ဖေဖေတို့ ဘယ်လောက်သက်တမ်းအထိ နေရမယ်ဆိုတာလည်း ဘယ်သူမှ မသိနိုင်ပါဘူး။ ၂။ ဖေဖေဟာ သမီးတို့ရဲ့အဖေဖြစ်တယ်။ တကယ်လို့ ဒီအကြောင်းအရာတွေကို အဖေမှ မပြောရင် တခြားဘယ်သူမှ သမီးတို့ကို ပြောပြလိမ့်မှာမဟုတ်ပါဘူး။ ၃။ ဖေဖေ့ရဲ့ ခါးသီးခဲ့တဲ့ အတွေ့ အကြုံပေါ်မှာ အခြေ ခံပြီးရေးထားတဲ့ အကြောင်းတရားတွေဟာ သမီးတို့အတွက် မလိုလားအပ်တဲ့ စိတ်နှလုံးထိခိုက်စရာကိစ္စတွေကို တဖက်တလမ်းကဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ အောက်မှာပြောပြမယ့်အကြောင်းအရာတွေကို သမီးဘဝတစ်လျောက်သတိရနေပါနော်။ ၁။ သမီးအပေါ်မကောင်းတဲ့သူတွေအတွက် ထိခိုက်ပူဆွေးဒေါသထွက်မနေပါနဲ့။ သမီးရဲ့မေမေနဲ့ ဖေဖေ ကလွဲပြီးတော့ သမီးတို့အပေါ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ဘယ်သူမှာမှ တာဝန်မရှိပါဘူး။ -သမီးအပေါ်မှာ ကောင်းတဲ့သူတွေအတွက်တော့ တန်ဖိုးထားပြီး ကျေးဇူးတင်လိုက်ပါ။ ဒါပေမယ့် သမီး အနေနဲ့ သတိထားစရာ အချက်တော

ကွန်မြူ နစ်ဆန့်ကျင်ရေးလူကြီးမင်းများ

Image
ကွန်မြူ နစ်ဆန့်ကျင်ရေးလူကြီးမင်းများ ကွန်မြူ နစ်ဆန့်ကျင်ရေးလူကြီးမင်းများ (၁)ဒီလူကြီးတွေ... ဒီလူကြီးတွေ.... သွားရေတွေ တမျှားမျှား လူသားစား ကျားပါးစပ်နဲ့ အရပ်မှာ "ဗျိုး" ဟစ်ပြီး "ကွန်မြူ နစ်ဆန့်ကျင်ရေး" တဲ့ အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့ လုပ်စားပေါင်းများငခဲ့ပြီ။ (၂) ကွန်မြူ နစ်တွေ ဆိုတာ ဘုရားမရှိ တရားမသိ အမှားအတိနဲ့ အလကားငတိတွေ ထင်အောင် တွင်တွင်ကြီး ဝါဒဖြန့် ကွန်မြူ နစ်တစ္ဆေနဲ့ လှန့် ရွာအနှံ့ ရပ်အနှံ့ မောင်းထု ပြည်သူကိုတော့ ထောင်းထုပြီး မကောင်းမှုမှာ သရဖူဆောင်း သူရဲကောင်းကြီး ဟန်ပန်လုပ် အာဏာကို အချောင်အုပ်ကြတယ်၊ ပုပ်လိုက်တဲ့ သမိုင်း ယုတ်ပတ်တဲ့ အကြံရိုင်းပေပ။ (၃) ကွန်မြူ နစ်ကို လက်ညှိုးထိုး ကိုယ်ကျိုးကို အရနှိုက် ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။ လဲဗီးတဲ့.. ပြူ စောထီးတဲ့.. လက်နက်မဲ့ ပြည်သူတွေကို ကူညီမလို အကြောင်းပြပြီး ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။ ကွန်မြူ နစ် ရန်စွယ်ဟာ ဓမ္မ န္တရာယ် အစစ်ပါပဲလို့ ကလိမ်ကညစ် နည်းထုံးတွေနဲ့ ဖြီးလုံးတွေလွှင့်ထုတ် စာအုပ် စာတမ်း ရေဒီယို ထိုထိုသော သတင်းစာတေ