သူငယ်ချင်း
တကယ်တော့ သူငယ်ချင်းဆိုတာ သွေးသားမတော်စပ်သူတွေဖြစ်ပေ မယ့် သွေးရင်းတွေထက် ပိုရင်းနှီးချစ်ခ င်နိုင်ကြ သူတွေဖြစ်တယ်။
ချစ်သူတွေမဟုတ်ပေမယ့် ချစ်သူတွေထက် ပိုနားလည်နိုင်ကြ သူတွေဖြစ်တယ်။ အကြံပေးအရာရှိတွေမဟုတ်ကြပေမယ့် လိုအပ်လာတဲ့အချိန်မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေလည်း ဖြစ်ကြတယ်။
ရင်ဘတ်ချင်းမတူပေမယ့် မျှဝေခံစားနိုင်ပေးနိုင်ကြသူတွေဖြစ်တယ်။ ကယ်တင်ရှင်ကြီးမဟုတ်ကြပေမယ့် အချင်းချင်း အန စ်နာခံကူညီတတ်သူတွေဖြစ်တယ်။ လိုအပ်ရင် ပုခုံးငှါးပြီး ထုရိုက်ငိုကြွေးခွင့်ပြုကြသူတွေဖြစ်တယ်။
ကိုယ်တိုင်ဆက်မလှမ်းနိုင်လည်း လက်ကမ်းဖို့ အသင့်ရှိသူတွေဖြစ်တယ်။ ရန်သူကြီးတွေမဟုတ်ပေမယ့် ငြင်းလိုက်ခုန် လို က် ၊ စကားများရန်ဖြစ်လိုက် ၊ ကွာပြဲလိုက် ပြန်ပေါင်းလိုက် ၊ ပြောမနာဆိုမနာတွေဖြစ်တယ်။
သူငယ်ချင်းအစစ်ဆိုတာ ကိုယ်မရောက်တဲ့အမြင့်တနေရာမှာ ကိုယ့်သူငယ်ချင်းရောက်နေရင် ဒါငါ့သူငယ်ချင်းကွလို့ ဂုဏ် ယူချင်သူပါ။ ကိုယ့်ထက်နိမ့်ပါးနေရင် ကိုယ်နဲ့တန်းတူမဟုတ်တောင် တတ်နိုင်သမျှ ကူညီမြှင့်တင်ပေးချင်သူပါ။
သူငယ်ချင်းဒုက္ခရောက်နေတယ်ကြားရင် ကိုယ်တိုင်ဒုက္ခရောက်နေသည့်တိုင်အောင် သူစိတ်အားမငယ်ဖို့ ဘဝတူတွေပါလို့ အရိုးခံအားပေးချင်သူပါ။ ကိုယ့်ထက်မြင့်မားနေတဲ့ သူငယ်ချင်းအတွက် လက်ခုပ်တီးအားပေးလို့ ဂုဏ်ယူချင်ယူ ၊ ကိုယ့်ထ က်နိမ့်ပါးနေရင် လက်တွဲခေါ်ပြီးကူချင်သူတွေဟာ သူငယ်ချင်းတွေပါ။
မိတ်ဆွေသူငယ်ချင်းလို့ ခေါ်ရတဲ့သူ အရေအတွက် ဘယ်လောက်များပါစေ ကိုယ်စိတ်ဓါတ်ကျအားငယ်နေချိန်မှာ ရင်ဖွ င့်ပြောဆိုတိုင်ပင်ဖို့ ၊အဆင်သင််သင့်အမြဲရှိတတ်ကြပြီးစာနာစိတ်အပြည့်နဲ့ကူညီဖေးမကြသူတွေဟာတစ်ကယ့်သူငယ်ချင်းအစစ်တွေပါ၊ဒီလိုသူငယ်ချင်းတွေရထားရှိထားပြီဆိုရင်တော့ယခုလိုခေတ်ကြီးထဲမှာ
သင်ဟာကံကောင်းတဲသူတစ်ဦးဖြစ်နေပြီလို့ဆိုရမှာပါ။
သင်ဟာကံကောင်းတဲသူတစ်ဦးဖြစ်နေပြီလို့ဆိုရမှာပါ။
Created By Myo Win Than
Credit to ရတု (Burmesehearts)
Comments
Post a Comment