ဘိန်းရာဇာဖုန်ကြားရှင် ဖုန်ကြားရှင် ဖုန်ကြားရှင်(Peng Jiasheng) ဇို့ချွမ် (Szechuan) တရုတ်မျိုးနွယ်မှ ဆင်း သက်လာသော ဖုန်ကြားရှင်ကို ၁၉၃၁ မှာ ကိုး ကန့်က ဟောင်ဆော်ထူးဟော် ရွာလေးမှာ မွေးဖွားသည်။ ၁၉၆၀ ကျော်ကာလများတွင် ဂျင်မီ ယန်း၏ ကိုးကန့်တော်လှန်ရေး တပ်ဖွဲ့တွင် အရာရှိအဖြစ်တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ မှာ တရုပ်ပြ ည်ရှိ ကွန်မြူနစ်ပါတီကေဒါများနှင့် အ ဆက်အသွယ်ရသည်။ လက်နက်အထောက်အပံ့တွေ ရမည်ဟု ကတိကဝတ်ရခဲ့သည်။ နောက်ပိုင်းတွင် ဖုန်ကြားရှင်သည် သူ့ညီ ဖုန်ကြားဖူနှင့်အတူ ဘေကျင်းကို သွားခဲ့သည်။ ၁၉၆၈၊ ဇန်နဝါရီ ၅ ရက်နေ့မှာ တရုတ်ပြည်မှစ၍ ကိုးကန့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဦးဆောင်ပြီး ကိုးကန့်ဒေသ ကို ပြန်လည်ဝင်ရောက်ခဲ့သည်။ ထို့နောက် ကွန်မြူ နစ်ပါတီ၏လက်အောက်ခံအဖြစ်နေထိုင်ပြီးဆင် ကြံကြံနေခဲ့သည်။ ။ ၁၉၈၈ အစောပိုင်းလောက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို စတင်လုပ်ကိုင်သည်ဟု သုံးသပ်သူတွေက ဆိုသည်။ ၁၉၈၉ မတ်လမှ ညီဖြစ်သူ ဖုန်ကြားဖူနှင့်အတူ နဝတအစိုးရ၏မက်မော လောက်သောအခွင့်အရေးပေးမှုကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ ကိုပြန်လည် ပုန်ကန်ပြီးအင်အားနည်းနေပြီ ဖြစ်သောကွန်မြူနစ်ပါတီဗဟိုကိုတစ်ဖက်နိုင်
Posts
Showing posts from May, 2015