ဘိန်းရာဇာဖုန်ကြားရှင်


ဖုန်ကြားရှင်
ဖုန်ကြားရှင်(Peng Jiasheng)

ဇို့ချွမ် (Szechuan) တရုတ်မျိုးနွယ်မှ ဆင်း
သက်လာသော ဖုန်ကြားရှင်ကို ၁၉၃၁ မှာ ကိုး
ကန့်က ဟောင်ဆော်ထူးဟော် ရွာလေးမှာ မွေးဖွားသည်။ ၁၉၆၀ ကျော်ကာလများတွင် ဂျင်မီ
ယန်း၏ ကိုးကန့်တော်လှန်ရေး တပ်ဖွဲ့တွင် အရာရှိအဖြစ်တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ မှာ 
တရုပ်ပြည်ရှိ  ကွန်မြူနစ်ပါတီကေဒါများနှင့် အ
ဆက်အသွယ်ရသည်။ လက်နက်အထောက်အပံ့တွေ ရမည်ဟု ကတိကဝတ်ရခဲ့သည်။ နောက်ပိုင်းတွင် ဖုန်ကြားရှင်သည် သူ့ညီ ဖုန်ကြားဖူနှင့်အတူ
 ဘေကျင်းကို သွားခဲ့သည်။ ၁၉၆၈၊ ဇန်နဝါရီ ၅
ရက်နေ့မှာ တရုတ်ပြည်မှစ၍ ကိုးကန့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဦးဆောင်ပြီး ကိုးကန့်ဒေသ ကို ပြန်လည်ဝင်ရောက်ခဲ့သည်။
 ထို့နောက် ကွန်မြူ
နစ်ပါတီ၏လက်အောက်ခံအဖြစ်နေထိုင်ပြီးဆင်
ကြံကြံနေခဲ့သည်။ ။
 ၁၉၈၈ အစောပိုင်းလောက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို စတင်လုပ်ကိုင်သည်ဟု သုံးသပ်သူတွေက ဆိုသည်။ ၁၉၈၉ မတ်လမှ ညီဖြစ်သူ ဖုန်ကြားဖူနှင့်အတူ နဝတအစိုးရ၏မက်မော
လောက်သောအခွင့်အရေးပေးမှုကြောင့်
ဗမာပြည်ကွန်မြူနစ်ပါတီ
ကိုပြန်လည် ပုန်ကန်ပြီးအင်အားနည်းနေပြီ
ဖြစ်သောကွန်မြူနစ်ပါတီဗဟိုကိုတစ်ဖက်နိုင်
ငံအတွင်းသို့ပို့ဆောင်ခဲ့သည်။နဝတအစိုးရသ
တိအထားဆုံးနှင့်ရင်ဆိုင်ရန်ခက်ခဲသူမှာခေတ်
အဆက်ဆက်ကအင်အားအကြီးမားဆုံးနှင့်အ
စဉ်အလာကြီးသောဗမာပြည်ကွန်မြူနစ်ပါတီပင်
ဖြစ်သည်။
ဖုန်ကြားရှင်၏သစ္စာဖေါက်မှုကြောင့်လက်ဦးမှု
ရရှိသွားခဲ့ခြင်းဖြစ်သည်။
နောက်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး ကိုး
ကန့်ကိုတိုင်းရင်းသား၁၃၅မျိုးတွင်ထည့်သွင်း
ပေးခဲ့ရပြီးမွေးရာပါနိုင်ငံသားအဖြစ်သတ်
မှတ်ပေးခဲ့
ရသည်။မည်သည့်နိုင်ငံရေးအစဉ်အလာမျှမရှိခဲ့ပါ။ထို့နောက်မူးယစ်ဆေးဝါးရောင်းဝယ်
ဖောက်ကားမှုတွေကို တရားဝင်နီးပါး လုပ်ကိုင်ခဲ့သည်ဟု မှတ်တမ်းတွေက ဆိုသည်။ ထင်ရှားသော ဘိန်းရာဇာတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရ
သည်။ ၁၉၉၂ မှာ ကိုးကန့်ဒေသက ဘိန်းစစ်မှာ ဖုန်ကျားရှင်သည် ယန်းမျိုးဆက်တစ်ဦးဖြစ်သော
 ယန်းမိုလျန်ကို စစ်ရှုံးပြီး ကျိုင်းတုံကို ပြေးသည်။ ဒါပေမဲ့ ၁၉၉၄ မှာ ယန်းမိုလျန်းကို ဘိန်းမှုနဲ့ ကူမင်းမှာ ကွပ်မျက်သောအခါ ဖုန်ကြားရှင် ကိုးကန့်ကို
 ပြန်အခြေချခဲ့သည်။၂၀၀၉တွင်ဖုန်
ကြားရှင်သည်၎င်းတို့၏မူးယစ်ဆေးဝါးများချက်
လုပ်ခြင်း ရောင်းဝယ်ဖေါက်ကားခြင်းတို့ကို
အရေး
ယူခြင်းအတွက်မကျေနပ်သဖြင့်ရဲအရာရှိများစွာကို
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးရက်စက်စွာညှင်းပန်း
နှိပ်စက်သတ်ဖြတ်ခဲ့သည်။ထိုကိစ္စနှင့်ပါတ်သက်
ပီး
 ၂၀၀၉ မှာ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားပြီး
 လောက်ကိုင်မှတစ်ဆင့် တရုတ်သို့ ခွေးပြေး
ဝက်ပြေးထွက်ပြေးသွားသည်။ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့သည် ကုန်းကြမ်းဒေသရှိ ခမရ-၂၂၅တပ်ကို တရုတ်တပ်ကူများဖြင့် အင်အားအလုံးအရင်း ဝင်ရောက်တိုက်ခိုက်ရာ မြန်မာတပ်မှ နောက်ပိုင်းတွင် မြန်မာတပ်နှင့် 
တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဖုန်ကြားရှင်ဦးဆောင်သော တရုတ်တပ်အင်အား ဖြည့်တင်းထားသည့် ကိုးကန့်တပ်တို့ 
တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားကြသည်။ မြန်မာစစ်တပ်မှ လေကြောင်းပစ်ကူများဖြင့် ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်သည်။ စစ်ပွဲကာလအတွင်းတွင် မြန်မာစစ်တပ်မှ တိုက်လေယာဉ်တစ်စင်းပစ်ခတ်သည့် ဒုံးလက်နက်လမ်းကြောင်းလွဲကာ တရုတ်ပိုင်နက်ထဲသို့ ကျရောက်ပေါက်ကွဲ
ပြီး တရုတ်လူမျိုး ၄ ယောက် သေခဲ့သည်။ ထို
ကိစ္စနှင့်ပတ်သတ်၍ တရုတ်က မြန်မာအား စစ်ရေးနှင့် သံတမန်ရေး အရ သတိပေးခဲ့သည်။
ကိုယ်မွေးသည့်မျောက်ကိုယ့်ပြန်ခြောက်ခံရခြင်း
ပင်ဖြစ်သည်။ခေါင်းဆောင်ပိုင်းလူတစ်စု၏
ကောင်း
စားရေးအတွက်တပ်မတော်သားများစွာစတေးခံ
နေရခြင်းပင်ဖြစ်သည်။




Created by Thethtar Batheintin

Comments

Popular posts from this blog

နဂါးနီစာအုပ်အသင်း

မြစ်ဆုံပြသနာ။ဗမာပြည်ကွန်မြူနစ်ပါတီ- စစ်အစိုးရနှင့်ဖုန်ကြားရှင်

ဂိုရှယ်၏စစ်တမ်းနှင့်ပတ်သက်၍ပြန်လည်ရှင်းလင်းတင်ပြချက်