ကြယ်နီများစွာရဲ့အရုဏ်
ကြယ်နီများစွာရဲ့အရုဏ် ပြည်တွင်းစစ်က တဝက် ဖက်ဆစ်နယ်ချဲ့တို့က တဝက် ရာသက်ပန်ဆုတောင်းကြီး မကောင်းခဲ့ရှာလို့လား နှစ်တရာဟာ နိုင်ငံရေး နှစ်တရာဟာ အမျိုးသားရေး နှစ်တရာဟာ တော်လှန်ရေးပါ… အရုဏ်တက်မယ်ကြံတိုင်း မိုးမှောင်က ကျ အောင်ပွဲအခမ်းအနားအစ တိုက်ပွဲသစ်က ထပ်ပေါ် ရှော်လိုက်တဲ့ ကံကြမ္မာနှယ်…။ ဒီတိုင်းပြည်ဟာ အာဏာရှင်အပြောင်းအလဲအပြင် ဒီမိုကရေစီ အရည်ကျဲကျဲလည်း နည်းနည်းတော့ ကြုံဖူးတယ်… အငုံအဖူးလေးကိုမှ ခုန်ခူးလိုက်ကြတာဗျို… အကိုင်းကိုညွှတ် ပန်းကိုဆွတ်မည် လက်လွှတ်ရမှာ စိုးသတဲ့… အကိုင်းလည်းကျိုး ပန်းလည်းညှိုးတော့ 'တွေးမိတိုင်း အရိုးနာရတယ်' အဖိုးဆရာဖေရဲ့ ကဗျာကဝေ ပညတ်ကြောင့် ဓါတ်သက်များ ပါရော့သလား လင်မယား ရန်ဖြစ်တော့ မီးဖိုချောင် ခွေးစာဖြစ်တော့တာပေါ့…။ သမဆိုင် ပစ္စည်းပေးသလို လွတ်လပ်ရေးနဲ့ တွဲယူလိုက်ရတဲ့ ပြည်တွင်းစစ်မီးပူပူဟာ အာဏာရှင်အဆိပ်ခွက်ကို ချက်ပြုတ်ပေးခဲ့တယ်လေ… ခွေးသားဆို ကြော်မကောင်းလို့  ဆိတ်ခေါင်းကို ဆိုင်မှာချိတ် အရိပ်မထွက်လို့ ဘီလူးမှန်း သိတော့မှ ဘီလူးလက်က ကလေးကို မဟော်သဓာ ယူပေးနိုးနဲ့  မျှော်ကိုးတဲ့သူတွေလည်း ရှိရဲ့  သတိကောင်းသူများကတော့ အသား