ကြယ်နီပေါ်ရမည်


မိခင်ကြယ်နီ




-အနာဂတ်ကို မျှော်တွေး
 ၁၃၀၀ပြည့် အတွေ့ကြုံ
သင်ခန်းစာ ပြုရင်း
 တော်လှန်သော အတွေးခေါ်
 ပါတီတခု
တိုးတက်သော ခေါင်းဆောင်မှုကို
 အသိပြုရင်း
 အောင်ဆန်း ဗဟိန်း သန်းထွန်း
 ဇင် ချစ် ဗသိန်းတင် တို့ခေါင်းဆောင်မှုနှင့်
 အတွေးခေါ်သစ်
ရပ်တည်ချက်မှန်မှန်
လူထုကို ဗဟိုပြု
 ဖက်ဆစ်ကို မြေလှန်
 နယ်ချဲ့ကို သဂြိုလ်ပစ်ရေး
 မာ့က်စ်လီနင် မော်အတွေး
 ဦးထိပ်ပန်ရင်း သွေးသစ်တွေလောင်း
 တိုက်ပွဲထဲက ပါတီ
 လူထုထဲက ပါတီ
 ဖေါက်ပြန်သူတို့ အကြံယုတ်နှင့်
 ဟန်လုပ်ပြီး ၀ါဒတွေဖြန့်
 ကြံကြံခံတဲ့ လူထုပါတိ
 လူထုအတွက် မြေအောက်မှာရပ်
 ဖေါက်ပြန်တဲ့ ကျော်ငြိမ်း ဗဆွေ
 မောင်နုတို့ကို ဆန့်ကျင်
 တဖန်လည် စစ်အာဏာကို အံတု
 စစ်အာဏာရှင် လူထုပါတီအင်အားကို
 တုန်လှုပ် ထိုးစစ်တွေထိုး
 ကြံ့ကြံ့ခံရင်း
 နေ၀င်း စန်းယု အပြုတ်တိုက်ရေး
 လမ်းစဉ်တွေချ ခေါင်းဆောင်မှုမှန်စွာ
ယနေ့တိုင် မြေအောက်ရပ်တည်
 လူထုအကျိုးအတွက် မျိုးဆက်မပြတ်
 အဆင့်ဆင့် လက်ဆင့်ကမ်း
 သမိုင်းပေးတာဝန် ကြယ်နီပေါ်ရေး
 ဗမာပြည် အနီရောင်လွှမ်း
ချမ်းမြေ့စေရေး အသက်သွေးပေး
 နီတဲ့သမိုင်း ဗမာပြည်သစ်
တိုက်ပွဲတခုစီ သင်ခန်းစာပြု
 တိုက်ပွဲသစ်တွေ ဖန်တီး
 တောမှာ အခြေပြု
 မြို့ကို ၀န်းရံ
 ပြည်သူ့အာဏာသိမ်းရေး
 ဥက္ကဋ္ဌမော်တရား နှလုံးသွင်း
 မျိုးဆက်သစ်ရဲ့လက်
 နီစွေးသော ကြယ်နီရောင်
 လက်ဆင့်တွေကမ်း
 သစ်လွင်တဲ့ပါတီ
 သစ်လွင်တဲ့ အတွေးခေါ်
 ခြေလှမ်းညီညီ ရှေ့ကိုချီ
 ကြယ်နီပေါ်ရမည်။ ။

ဖေခိုင်သန်း(မြို့နီလေး)

Comments

Popular posts from this blog

နဂါးနီစာအုပ်အသင်း

နဂါးနီစာအုပ်အသင်းစတင်တည်ထောင်သူ

ဒဂုံတာရာ၏သခင်​သန်းထွန်း