Posts

Showing posts from 2014

ကြယ်နီပေါ်ရမည်

Image
မိခင်ကြယ်နီ -အနာဂတ်ကို မျှော်တွေး  ၁၃၀၀ပြည့် အတွေ့ကြုံ သင်ခန်းစာ ပြုရင်း  တော်လှန်သော အတွေးခေါ်  ပါတီတခု တိုးတက်သော ခေါင်းဆောင်မှုကို  အသိပြုရင်း  အောင်ဆန်း ဗဟိန်း သန်းထွန်း  ဇင် ချစ် ဗသိန်းတင် တို့ခေါင်းဆောင်မှုနှင့်  အတွေးခေါ်သစ် ရပ်တည်ချက်မှန်မှန် လူထုကို ဗဟိုပြု  ဖက်ဆစ်ကို မြေလှန်  နယ်ချဲ့ကို သဂြိုလ်ပစ်ရေး  မာ့က်စ်လီနင် မော်အတွေး  ဦးထိပ်ပန်ရင်း သွေးသစ်တွေလောင်း  တိုက်ပွဲထဲက ပါတီ  လူထုထဲက ပါတီ  ဖေါက်ပြန်သူတို့ အကြံယုတ်နှင့်  ဟန်လုပ်ပြီး ၀ါဒတွေဖြန့်  ကြံကြံခံတဲ့ လူထုပါတိ  လူထုအတွက် မြေအောက်မှာရပ်  ဖေါက်ပြန်တဲ့ ကျော်ငြိမ်း ဗဆွေ  မောင်နုတို့ကို ဆန့်ကျင်  တဖန်လည် စစ်အာဏာကို အံတု  စစ်အာဏာရှင် လူထုပါတီအင်အားကို  တုန်လှုပ် ထိုးစစ်တွေထိုး  ကြံ့ကြံ့ခံရင်း  နေ၀င်း စန်းယု အပြုတ်တိုက်ရေး  လမ်းစဉ်တွေချ ခေါင်းဆောင်မှုမှန်စွာ ယနေ့တိုင် မြေအောက်ရပ်တည်  လူထုအကျိုးအတွက် မျိုးဆက်မပြတ်  အဆင့်ဆင့် လက်ဆင့်ကမ်း  သမိုင်းပေးတာဝန် ကြယ်နီပေါ်ရေး  ဗမာပြည် အနီရောင်လွှမ်း ချမ်းမြေ့စေရေး အသက်သွေးပေး  နီတဲ့သမိုင်း ဗမာပြည်သစ် တိုက်ပွဲတခုစီ သင်ခန်းစာပြု  တိုက်ပွဲသစ်တွေ ဖန်တီး  

ဂိုရှယ်၏စစ်တမ်းနှင့်ပတ်သက်၍ပြန်လည်ရှင်းလင်းတင်ပြချက်

Image
ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက် “အခုတလော အပြောများနေကြတဲ့ ဂိုရှယ်စစ်တမ်းဆိုတာ တကယ်ရှိသလား” ဒါနဲ့ပတ်သက်ပြီး ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလတွင်ပြည်သူ့အာဏာဂျာနယ် အမှတ် (၁၁) မှ ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက် ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲများအထဲတွင် “ဗမာပြည်ရှိ ကွန်မြူနစ်ဝါဒနှင့်ပတ်သက်သော စာရွက်စာတမ်းများ ၁၉၄၅ – ၁၉၇၇ ခုနှစ်” ဟူသည့် ဖိုင်တွဲတတွဲ ရှိသည်။ ယင်းဖိုင်တွဲ၏ စာမျက်နှာ ၈၃ တွင် “ဗမာပြည် မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များ” ရေးသူ ဗတင်၊ ၁၉၄၈ ခုနှစ်၊ မတ်လ (?) ဟူသော စာတမ်းစောင်လည်း ပါရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်း အထူးသဖြင့် ပြည်တွင်းစစ် စတင်ပေါ်ပေါက်မှုအကြောင်း ရေးသားပြောဆိုကြရာတွင် အနောက်တိုင်းမှ စာရေးသူများရော၊ ဗမာပြည် အုပ်စိုးသူလူတန်းစားအား ကိုယ်စားပြုရေးသူများပါ ဤစာတမ်းကို မကြာခဏ ကိုးကားလေ့ရှိကြသည်။ ဤစာတမ်းနှင့်ပတ်သက်ပြီး ထိုစဉ်က ကောင်းကောင်းသိရှိသူတဦး၏ ရှင်းပြချက်ကို အောက်တွင်ဖော်ပြလိုက်ပါသည်။

နဂါးနီစာအုပ်အသင်း

Image
နဂါးနီစာအုပ်အသင်း                            နဂါးနီဦးထွန်းအေး နဂါးနီ စာအုပ်အသင်းကို ၁၉၃၇ ခု အတွင်း သခင်လူငယ် ခေတ်ပညာတတ်များက ဦးဆောင်၍ တည်ထောင်ခဲ့သည်။ နဂါးနီစာအုပ်အသင်းကို ၁၉၃၇ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် စတင်တည်ထောင်၍ ကိုနု (သခင်နု) က ငွေ ၅ဝဝ ကျပ်၊ ကိုထွန်းအေး (နဂါးနီ ဦးထွန်းအေး)က ငွေ ၅ဝဝ ကျပ်ဖြင့် မတည်ခဲ့သည်။ အတွင်းရေးမှူး အဖြစ် ကိုထွန်းအေးက ဆောင်ရွက် သည်။  စာအုပ် ရွေးချယ်ရေး တာဝန်ခံအဖြစ် ကိုနု၊ ကိုသန်းထွန်း (သခင် သန်းထွန်း)၊ ကိုစိုး (သခင်စိုး)တို့က တာဝန် ယူခဲ့သည်။ သခင်ချစ်၊ ကိုထွန်းရွှေ (နဂါးနီ ဦးထွန်းရွှေ)၊ သခင် ထိန်ဝင်း၊ တက်ဘုန်း ကြီး သိန်းဖေ (သိန်းဖေမြင့်)၊ မြို့မ ဆရာဟိန်တို့က ဝိုင်းဝန်း ကူညီသည်။ အသင်း၏ မူလတည်ရာမှာ အမှတ် ၁၅ဝ၊ စကော့ဈေး (ဗိုလ်ချုပ်ဈေး) ဖြစ်သည်။ နဂါးနီစာအုပ်အသင်းကို အင်္ဂလန်လက်ဝဲ စာအုပ်အသင်း (Left Book Club) ကို စံနမူနာယူ၍ ဈေးပေါပေါဖြင့် စာဖတ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ ‘တစ်လ လျှင် ၁ဝ ပဲတန် သော့နှင့် ကမ္ဘာ့ဘဏ် တိုက်ကြီးကို ဖွင့်လော့’ဟု ကြွေးကြော်ကာ အသင်းသား စည်းရုံးသည်။ အသင်းသား များအား ၂ ကျပ်၊ ၂ ကျပ်ခွဲတန် စာအုပ်ကို ၁ဝ ပဲနှုန်းဖြင့် ရောင်းချမည်။ နဂါးနီ စာအုပ်အသင်း

သခင်ဗသိန်းတင်နှင့်ပတ်သက်၍ဖိုးသံချောင်းမှဦးပန်တျာသို့ပြန်ကြားစာ

Image
ဖိုးသံချောင်းမှ ဦးပန်တျာ သို့ ပြန်လှန်ဖြေကြားစာ မိုးမခ Web မဂ္ဂဇင်းပါ သန်းဝင်းလှိုင်၏ သမိုင်းတကွေ့မှ သခင်ဗသိန်းတင် စာစုနှင့်ပါတ်သက်၍ ဖိုးသံချောင်းမှ ဦးပန်တျာ သို့ ပြန်လှန်ဖြေကြားစာ (မိုးမခဆိုဒ်က စာမူလင့်ခ် http://moemaka.com/?p=27449 ) မိတ်ဆွေကြီး ဦးပန်တျာခင်ဗျား …မိတ်ဆွေကြီး ဦးပန်တျာခင်ဗျား … ဦးပန်တျာမေးမြန်းတဲ့ ဆောင်းပါးထဲမှာ အမှားတွေများလိုက်တာ ထောက်ပြချင်စိတ်တောင် ကုန်တယ်လို့ ပြောချင်ပါ တယ်။ သခင်သန်းထွန်း နောက်ဆုံးနေ့များ၊ မြက်ခင်းသစ် စတဲ့ စာအုပ်တွေထဲက စစ်အစိုးရ ၀ါဒဖြန့်တာတွေကို မစိစစ် ဘဲ ကူးထည့်ထားဟန်တူပါတယ်။ သခင်ဗသိန်းတင် နောက်အိမ်ထောင်ပြုတယ်ဆိုတာ လုံးဝမဟုတ်ပါ။ သူဟာဒီဘက်မှာ သူတော်စင်ပါ။ “ဝ” ခေါင်းဆောင် ကျောက်ညီလိုင်ရောက်လာပြီး … “အဘိုးကြီး ကျွန်တော်တို့တော့ ပုန်ကန်လိုက်ပါပြီ။ ကျွန်တော်တို့နဲ့ ပူးပေါင်းရင် နာယကကြီးအဖြစ် တင်မြှောက်ပြီး စောင့် ရှောက်ပါ့မယ်” ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ကျောက်ညီလိုင် မလာပါ။ မုန်းလီမှာနေခွင့်ပြုဖို့ တရုတ်တွေကို တောင်း ဆိုတယ်ဆိုတာ မဟုတ်ပါ။ မုန်းလီဆိုတဲ့နေရာ မြေပုံပေါ်မှာတောင် မရှိပါ။ ဆောင်းပါးနောက်ဆုံးပိုင်းမှာပါတဲ့ မုန်းလျံ (မုန်းသျှံ မဟုတ်ပါ)

Communist Party Of Burma၏ နောက်ဆုံးဥက္ကဌကြီး "သခင်ဗသိန်းတင်၏ကိုယ်ရေးရာဇဝင်အကျဉ်း

Image
           ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌကြီး သခင်ဗသိန်းတင် ( ၁၉၁၃-၁၉၉္ပရ ) ၁၉၁၃ ခုနှစ်တွင် မွေးဖွားသည် ထားဝယ်ဇာတိ။ ဖခင်မှာဦးဘအိုထားဝယ်လူမျိုး(ကုန်သည်တစ်ဦး) ဖြစ်ပြီးမိခင်မှာဒေါ်စောခင်ဗမာတိုင်းရင်းသူဖြစ်ပါသည်။ ထားဝယ်တွင်မူလတန်းနှင့်အလယ်တန်းအဆင့်ပညာသင်ကြားခဲ့ပြီး၁၉၃၁ခုနှစ်တွင်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ပါသည်။(၁၀) တန်းအောင်ပြီးနောက် ရန်ကုန် တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၃၉ ခုနှစ်တွင် တို့ဗမာအ စည်းအရုံးသို့ဝင်ရောက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ပြည်သူ့အရေးတော်ပုံပတီဝင်ဖြစ်လာခဲ့သည်။ ယင်းနောက် ဂျပန်ခေတ် ၁၉၄၂ ခုနှစ်တွင် ထားဝယ်မြို့ ဘီအိုင်အေအုပ်ချုပ်ရေးဌာနတွင် ဆရာဉာဏ်လှိုင်နှင့်အတူ ပါဝင်ဆောင်ရွက်၍ ခရိုင် အုပ်ချုပ်ရေးမှူးဖြစ်သည်။ ၁၉၄၄ ခုနှစ် သရက်မြို့ ခရိုင်ရဲဝန်သုံးလေးလလုပ်ခဲ့ပြီး နုတ်ထွက်ခဲ့သည်။ ထို့နောက် သခင်သန်းထွန်းခေါ်သဖြင့် ရန်ကုန်သို့ပြန်လည်ရောက်ရှိလာပြီး ကွမ်းခြံကုန်းရှိ သခင်စိုးထံတွင် နိုင်ငံရေးသင်တန်းတက်ခဲ့သည်။ ဤသို့ဖြင့် မြေအောက်ကွန်မြူနစ်ပါတီဝင်တစ်ယောက်ဖြစ်လာခဲ့သည်။ သခင်ဗသိန်းတင်အား သခင်စိုးနှင့် သခင်သန

လွမ်းကြပါတော့ရဲဘော်တို့ရယ် သို့မဟုတ် မော်ကွန်းတင်ကြပါ

Image
         ဗမာပြည်ကွန်မြူနစ်ပါတီ၏နောက်ဆုံးဥက္ကဌကြီး  "သခင်ဗသိန်းတင် Add caption လွမ်းကြပါတော့ရဲဘော်တို့ရေ (၁) ရဲဘော်တို့ မိတ်ဆွေတို့ ပြည်သူလူထုအပေါင်းတို့ စိမ်းစိမ်းညို့ညို့ တောင်တန်းတွေကို ဖြတ်ကျော် သံလွင်ပေါ်ကနေ ဧရာဝတီ ဒုဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း မြစ်ရိုး၊ ချောင်းဖျား လျှိုကြား၊ မြောင်ကြား တောကြား၊ လယ်ကွင်း အိမ်တွင်း၊ တဲတွင်း ဆားကျင်း၊ သတ္တုတွင်း မိုင်းတွင်းတွေထဲ လူထုထဲအနှံ့ ဖြန့်ကျက်လိုက်တဲ့ အသံ ထားဝယ်သံ သြသြကြီးနဲ့ ဥက္ကဋ္ဌကြီးရဲ့ အဖွင့်နှုတ်ခွန်း ပဌမဆုံးသော ပြည်သူတရပ်လုံးသို့ မိန့်ခွန်းဟာ မြရာတောလယ် ကြွေခ ကြယ်စင်မြများကို အလေးပြုရင်း အရှင်းလင်းဆုံး ဖော်ပြ အလယ်ရိုးမရဲ့ ဗဟိုချက် ရှမ်းကုန်းပြင်မြင့်ဘက်က ဆက်ခံ တော်လှန်တဲ့ သမိုင်းကြောင်း သွေးသစ်လောင်း နှိုးဆော် ရဲဘော်တို့ ကြိုးစင်ပေါ်မှာ ထောင်ထဲမှာ တရားရုံးမှာ အချုပ်ဂါတ်ထဲမှာ ဘယ်နေရာရောက်ရောက် ဘယ်တော့မှ ဒူးမထောက်ရဘူး ဒူးမထောက်ရဘူး ဒူးမထောက်ရဘူးတဲ့ ရင်ထဲကိုစူးဝင် နားဆင်လိုက်ရ ဘယ်တော့မှ မမေ့စရာ ဒါ ဥက္ကဋ္ဌကြီးရဲ့အသံ ဒုတိယမ္ပိ ကြားမိဖူးခြင်းပါ။