Posts

Showing posts from 2016

ကွန်မြူ နစ်ဆန့်ကျင်ရေးလူကြီးမင်းများ

Image
ကွန်မြူ နစ်ဆန့်ကျင်ရေးလူကြီးမင်းများ ကွန်မြူ နစ်ဆန့်ကျင်ရေးလူကြီးမင်းများ (၁)ဒီလူကြီးတွေ... ဒီလူကြီးတွေ.... သွားရေတွေ တမျှားမျှား လူသားစား ကျားပါးစပ်နဲ့ အရပ်မှာ "ဗျိုး" ဟစ်ပြီး "ကွန်မြူ နစ်ဆန့်ကျင်ရေး" တဲ့ အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့ လုပ်စားပေါင်းများငခဲ့ပြီ။ (၂) ကွန်မြူ နစ်တွေ ဆိုတာ ဘုရားမရှိ တရားမသိ အမှားအတိနဲ့ အလကားငတိတွေ ထင်အောင် တွင်တွင်ကြီး ဝါဒဖြန့် ကွန်မြူ နစ်တစ္ဆေနဲ့ လှန့် ရွာအနှံ့ ရပ်အနှံ့ မောင်းထု ပြည်သူကိုတော့ ထောင်းထုပြီး မကောင်းမှုမှာ သရဖူဆောင်း သူရဲကောင်းကြီး ဟန်ပန်လုပ် အာဏာကို အချောင်အုပ်ကြတယ်၊ ပုပ်လိုက်တဲ့ သမိုင်း ယုတ်ပတ်တဲ့ အကြံရိုင်းပေပ။ (၃) ကွန်မြူ နစ်ကို လက်ညှိုးထိုး ကိုယ်ကျိုးကို အရနှိုက် ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။ လဲဗီးတဲ့.. ပြူ စောထီးတဲ့.. လက်နက်မဲ့ ပြည်သူတွေကို ကူညီမလို အကြောင်းပြပြီး ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။ ကွန်မြူ နစ် ရန်စွယ်ဟာ ဓမ္မ န္တရာယ် အစစ်ပါပဲလို့ ကလိမ်ကညစ် နည်းထုံးတွေနဲ့ ဖြီးလုံးတွေလွှင့်ထုတ် စာအုပ် စာတမ်း ရေဒီယို ထိုထိုသော သတင်းစာတေ

မြစ်ဆုံပြသနာ။ဗမာပြည်ကွန်မြူနစ်ပါတီ- စစ်အစိုးရနှင့်ဖုန်ကြားရှင်

Image
           မြစ်ဆုံပြသနာ။ ဗမာပြည်ကွန်မြူနစ်ပါတီ-စစ်အစိုးရနှင့်ဖုန်ကြားရှင်      ဗမာပြည်ကွန်မြူနစ်ပါတီ။စစ်အစိုးရနှင့်ဖုန်ကြားရှင် နယ်ခြားရောက်  ဗကပဗဟို၏ ပန်ဆန်း ဗဟိုကော်မတီ အစည်းအဝေးတွင် တင်သွင်းသော သခင်ဗသိန်းတင်၏ နိုင်ငံရေး အစီရင်ခံစာသည် သဘောတရားရေးအရ  နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်း အခြေအနေ၊ ရှေ့လုပ်ငန်း တာဝန်များနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ဗဟိုကော်မတီတွင် သခင်ဗသိန်းတင် တင်သွင်းသော နိုင်ငံရေး အစီရင်ခံစာ၌ ကေဒါတပ်ဖွဲ့ နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြထားသည်။ အရှေ့မြောက်ပိုင်း စစ်ဒေသမှာရှိတဲ့ ကေဒါတပ်ဖွဲ့ထဲက မနည်းလှတဲ့ ကေဒါတွေဟာ အတွေးအခေါ်အရ၊ နေထိုင်မှု ဘဝအရ၊ ကွန်မြူနစ် လူ့ကျင့်ဝတ်အရ မှန်တန်းမဟုတ်ဘဲ ဆုတ်ယုတ် ပျက်စီးလာတာ တွေ့ရတယ်။ ဒါတွေဟာ ပါတီ၊ တော်လှန်ရေး၊ လူထုနဲ့ အများအကျိုးထက် ကိုယ်ကျိုးကို ဦးထိပ်တင် လာတဲ့အတွက်ဖြစ်တယ်။ တပ်ထဲမှာ စစ်ဘုရင်ဝါဒ အကြွင်းအကျန်များ၊ တပ်သားရဲဘော်များကို ကျေးကျွန်လို ခိုင်းစေတဲ့ အပြုအမူများ၊ မှောင်ခိုကိစ္စများ၊ ရုပ်ဝတ္ထု ပစ္စည်းများကို ထိန်းသိမ်းရာမှာ မလိုလားအပ်တဲ့ ပျက်စီး ဆုံးရှုံးခြင်းများ၊ လာဘ်ယူ လာဘ်စားခြင်းများ၊ အများပိုင် ပစ္စည်းများကို အလွဲသုံးစား လုပ်ခြင်း

ဘလော့ခရီးသည်: ဥပဒေစိုးမိုးရေးလုပ်သင့်ပြီ

ဘလော့ခရီးသည်: ဥပဒေစိုးမိုးရေးလုပ်သင့်ပြီ : တရားဥပဒေဆိုသည်မှာ ယခုတစ်လော မြင်တွေ့ကြားသိနေရသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ အဓိက တရားခံကို ရှာကြည့်မိရာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမို...

ဥပဒေစိုးမိုးရေးလုပ်သင့်ပြီ

Image
တရားဥပဒေဆိုသည်မှာ ယခုတစ်လော မြင်တွေ့ကြားသိနေရသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ အဓိက တရားခံကို ရှာကြည့်မိရာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ပြဿနာကို တွေ့မိပါသည်။ တရားရုံးများ၏ တရားစီရင်ရေး အခြေအနေများ၊ ရဲတပ်ဖွဲ့၏ ဥပဒေပိုင်းနှင့် စပ်လျဉ်း၍ လုပ်ဆောင်ချက်များ၊ အုပ်ချုပ်ရေးကဏ္ဍ အသီးသီးမှ အရာရှိ အရာထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်မှု ပုံစံများ၊ ပြည်ထောင်စုအစိုးရမှ ဖွဲ့စည်းပေးထားသည့် ကော်မတီ ကော်မရှင်များ၏ လုပ်ကိုင်ဆောင်ရွက်မှု ပုံစံများ အပါအဝင် ပြည်သူတို့၏ နေ့စဉ်ဘဝများတွင် ကြုံတွေ့နေကြရသော အခက်အခဲ ပြဿနာများမှာ တရားဥပဒေစိုးမိုးမှု အားနည်းချက်နှင့် ဆက်စပ်ဖြစ်တည်နေသည်ဟု ထင်မြင်မိပါသည်။ သို့ဖြစ်ရာ နိုင်ငံတော် တည်ဆောက်မှု ခေါင်းစဉ်အောက်တွင် မရှိမဖြစ် ပါဝင်နေသည့် တရားဥပဒေစိုးမိုးရေး ကိစ္စကို အစိုးရအနေနှင့် ဖိဖိစီးစီး ကိုင်တွယ်သင့်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အားကောင်းနေသလား ဆိုသော အမေးကို ဖြေဆိုရန် သိပ်ခက်ခဲလိမ့်မည် မဟုတ်ပါပေ။ မနက်မိုးလင်း ရန်ကုန်မြို့ လမ်းမများပေါ်သို့ ထွက်လိုက်မိသည်နှင့် တစ်ပြိုင်နက် ဥပဒေ ချိုးဖောက်မှုများမှာ မမြင်ချင်မှ အဆုံးပင် ဖြစ်သည်။ စည်းကမ်းမဲ့ ပြိုင်မောင်း

ဗမာပြည်​ကွန်​မြူ နစ်​ပ၊တီ၏​နောက်​ဆုံးဥက္ကဌကြီး "သခင်​ဗသိန်းတင်​"

Image
ဗသိန်းတင်၊ သခင် သခင်ဗသိန်းတင် သည် ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့သော နောက်ဆုံးဥက္ကဋ္ဌကြီး ဖြစ်သည်။ ငယ်ဘဝ သခင်ဗသိန်းတင်ကို ၁၉၁၃ ခုနှစ်တွင် ထားဝယ်မြို့ပရစ်ရပ်တွင် သတ္တုတွင်းပိုင်ရှင် အဖ ဦးဘအို (ထားဝယ်လူမျိုး)၊ အမိ ဒေါ်စောခင် (ဗမာ လူမျိုး) တို့မှဖွားမြင်ခဲ့သည့် ဒုတိယမြောက်သားဖြစ်သည်။ မွေးချင်းမှာ အစ်ကို ကိုစိန်ကြည်၊ ညီမ မသောင်းစု၊ ညီ ကိုမျိုးအောင်တို့ ဖြစ်ကြသည်။ မွေးချင်း ၁၂ ဦးဖြစ်သည်။ သခင်ဗသိန်းတင်၏ မွေးချင်းတို့အနက် ဗိုလ်မှူးကြီး ဖေသက်၊ ဗိုလ်မှူးကြီး မျိုးအောင်၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါ ​မောက္ခ ဒေါက်တာစိုးမြင့်တို့မှာ ထင်ပေါ်ကြားသူများ  ဖြစ်​ ကြသည်။ နိုင်ငံရေး သခင်ဗသိန်းတင်သည် ၁၉၃၁ ခုနှစ်တွင် ထားဝယ်မြို့ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်-မြန်မာ (၁၀) တန်းအောင်ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ ဆက် လက်ပညာသင်ကြားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၃၉ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၀  ပြည့်နှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီဝင် ဖြစ်လာခဲ့ သည်။ ယင်းနောက် ဂျပန်ခေတ် ၁၉၄၂ ခုနှစ်တွင် ထားဝယ်မြို့ ဘီအိုင်အေ အုပ်ချုပ်ရေးဌာနတွင် ဆရာဉာဏ်လှိုင်

ဗမာပြည်ကွန်မြူ နစ်ပါတီဌာနချုပ်ဟောင်းသို့အလည်တစ်ခေါက်

Image
ဌာနချုပ်ဟောင်းသို့အလည်တစ်ခေါက် ဗမာပြည် ကွန်မြူနစ် ပါတီသည် မာ့ခ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း  အတွေးအခေါ်ကို ၎င်းပါတီ၏ အတွေးအခေါ်ကို လမ်းညွှန်သော သဘောတရား အခြေခံနှင့် လမ်းညွှန်အဖြစ် ခံယူကျင့်သုံးသည်။ လက်ရှိတွင် ပစ္စည်းမဲ့ နိုင်ငံတကာ ဝါဒကို လက်ခံ၍ ပါတီ၏ တော်လှန်သော ပြည်ချစ်ဝါဒ ကို ကျင့်သုံးလျက် ရှိသည်။ သမိုင်းအတွေ့အကြုံ အရ လက်နက်ကိုင် တိုက်ပွဲကို ရွေးချယ်စရာ လမ်းတစ်ခု အဖြစ် အမြဲတမ်း ထားရှိသော နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ ၁၉၃၉ ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် ရန်ကုန်မြို့ ဘား လမ်း(ခ) မဟာဗန္တုလပန်းခြံလမ်းရှိ အခန်းငယ် တစ်ခန်းတွင်  အောက်ပါ ၇ ဦး တွေ့ဆုံကာ ဗမာပြည် ကွန်မြူနစ် ပါတီကို  မြေအောက် ပါတီအဖြစ် စတင် တည်ထောင်ခဲ့ကြသည်။     သခင်အောင်ဆန်း     သခင်ဗဟိန်း     ရဲဘော်ဘတင် ခေါ် ဂိုရှယ်     သခင်စိုး     သခင်လှဖေ နောင်အခါ ဗိုလ်လက်ျာ     ရဲဘော်တင်မောင်     သခင်ဘို အစဉ်အဆက် ခေါင်းဆောင်များ ထို စတင် တည်ထောင်စဉ်ကာလ ၁၉၃၉ ခုနှစ်မှ ယခုအချိန်အထိ အစဉ်အဆက် ခေါင်းဆောင်များမှာ...     အတွင်းရေမှုး သခင်အောင်ဆန်း     အတွင်းရေးမှုး သခင်စိုး     အတွင်းရေးမှုး သခင်သိန်းေ