မြစ်ဆုံပြသနာ။ဗမာပြည်ကွန်မြူနစ်ပါတီ- စစ်အစိုးရနှင့်ဖုန်ကြားရှင်
မြစ်ဆုံပြသနာ။ ဗမာပြည်ကွန်မြူနစ်ပါတီ-စစ်အစိုးရနှင့်ဖုန်ကြားရှင်
ဗမာပြည်ကွန်မြူနစ်ပါတီ။စစ်အစိုးရနှင့်ဖုန်ကြားရှင်
နယ်ခြားရောက် ဗကပဗဟို၏ ပန်ဆန်း ဗဟိုကော်မတီ အစည်းအဝေးတွင် တင်သွင်းသော သခင်ဗသိန်းတင်၏ နိုင်ငံရေး အစီရင်ခံစာသည် သဘောတရားရေးအရ နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်း အခြေအနေ၊ ရှေ့လုပ်ငန်း တာဝန်များနှင့်ပတ်သက်၍ ဖော်ပြထားသည်။
ဗဟိုကော်မတီတွင် သခင်ဗသိန်းတင် တင်သွင်းသော နိုင်ငံရေး အစီရင်ခံစာ၌ ကေဒါတပ်ဖွဲ့ နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြထားသည်။
အရှေ့မြောက်ပိုင်း စစ်ဒေသမှာရှိတဲ့ ကေဒါတပ်ဖွဲ့ထဲက မနည်းလှတဲ့ ကေဒါတွေဟာ အတွေးအခေါ်အရ၊ နေထိုင်မှု ဘဝအရ၊ ကွန်မြူနစ် လူ့ကျင့်ဝတ်အရ မှန်တန်းမဟုတ်ဘဲ ဆုတ်ယုတ် ပျက်စီးလာတာ တွေ့ရတယ်။ ဒါတွေဟာ ပါတီ၊ တော်လှန်ရေး၊ လူထုနဲ့ အများအကျိုးထက် ကိုယ်ကျိုးကို ဦးထိပ်တင် လာတဲ့အတွက်ဖြစ်တယ်။ တပ်ထဲမှာ စစ်ဘုရင်ဝါဒ အကြွင်းအကျန်များ၊ တပ်သားရဲဘော်များကို ကျေးကျွန်လို ခိုင်းစေတဲ့ အပြုအမူများ၊ မှောင်ခိုကိစ္စများ၊ ရုပ်ဝတ္ထု ပစ္စည်းများကို ထိန်းသိမ်းရာမှာ မလိုလားအပ်တဲ့ ပျက်စီး ဆုံးရှုံးခြင်းများ၊ လာဘ်ယူ လာဘ်စားခြင်းများ၊ အများပိုင် ပစ္စည်းများကို အလွဲသုံးစား လုပ်ခြင်းများ၊ ဖြုန်းတီးခြင်းများ၊ အခွင့်ထူးခံခြင်းများ စတာတွေဟာ အရှေ့မြောက်ပိုင်း စစ်ဒေသရဲ့ ကေဒါတပ်ဖွဲ့မှာ တည်ရှိနေတာကို မြင်နေရတယ်။ ဂိုဏ်းဂဏဝါဒ၊ အမျိုးသားရေးအမြင်၊ လစ်ဘရယ်ဝါဒ အစရှိတာတွေလည်း တည်ရှိနေဆဲဖြစ်တယ်။ တော်လှန်ရေး လုပ်ပြီး ငွေကြေးချမ်းသာနေတဲ့ ကေဒါတွေလည်းမနည်းဘူး။ တစ်ပုလင်း ၂၅ ကျပ် ပေးရတဲ့ဘီယာတွေ သေတ္တာလိုက်ထားတဲ့ လူတွေလည်း ရှိတယ်။ ကေဒါတချို့ဟာလည်း မှောင်ခိုလုပ်နေကြတာ လူတိုင်းသိနေကြတာပဲ။
ဒီလို မှားယွင်းတဲ့ အပြုအမူများကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး တစ်ဖက်က ပညာပေးပြီး သင့်တော်စွာ အရေးယူဖို့ လိုအပ်တယ်”ပန်ဆန်းဗဟို၌သခင်ဗသိန်းတင်၏တင်သွင်းသောအစီရင်ခံစာ၌ဖေါ်ပြပါရှိပါသည်။
၁၉၇၇ ခုနှစ်တွင် ဗကပတို့ လွှမ်းမိုးနိုင်သော ဒေသများ၌ ဘိန်းမစိုက်ရဟု သခင်ဗသိန်းတင်က အမိန့်ထုတ်
သည်။
၆၄ လမ်းစဉ်သည် အစိုးရတပ်များကို အနိုင်တိုက်၊ နိုင်ငံအာဏာကို အပိုင်သိမ်းယူရေးဖြစ်သည်။ အရှေ့မြောက်တိုင်း ဗကပ(ပန်ဆန်း) ဗဟိုကလည်း ပန်ဆန်း ဗဟိုကော်မတီ အစည်းအဝေးတွင် ၆၄ လမ်းစဉ်ကို ဆက်လက်ခံယူရန် ဆုံးဖြတ် ကြေညာခဲ့သည်။
၁၉၈၉ ခုနှစ်က စီစီဝမ်၊ တာပန်၊ ဟိုက်ကပါး၊ ကွမ်းလုံ ရက် (၄၀) တိုက်ပွဲ များမှာဗမာပြည်ကွန်မြူနစ်ပါတီ၏
တိုက်ပွဲကြီးများပင်ဖြစ်သည်။စစ်အစိုးရသည်ဗမာပြည်ကွန်မြူနစ်ပါတီကိုဖြိုခွဲရန်အတွက်နည်းလမ်းတစ်ခုကိုရှာဖွေတွေ့ရှိသွားတော့သည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့်ထောက်လှမ်းရေးဗိုလ်ချုပ်ခင်ညွန့်တို့လက်ထက်တွင်အလွယ်တကူပင်ဖြို ခံခဲ့ရလေ
သည်။
ထောက်လှမ်းရေးဗိုလ်ချုပ်ခင်ညွန့်မှနောင်တွင်ဖြစ်ပေါ်လာမည့်အရေးတို့ကိုလစ်လျူ ရှုကာ -
ပါတီ၏အထက်ခေါင်းဆောင်ပိုင်းတို့ချမှတ်သောမူဝါဒစည်းကမ်းတို့ကိုသဘောမကျသောအောက်ခြေရှိ
ကိုးကန့်တပ်နှင့်ဝတပ်တို့မှခေါင်းဆောင် ဖုန်ကြားရှင်နှင့်ပေါက်ယူချန်း တို့ကိုမက်လုံးများစွာပေးကာစည်း
ရုံးသိမ်းသွင်းခဲ့သည်။လွတ်လပ်ရေးရပြီးကာစတွင်ဝါဒနှင့်အမြင်မတူသောကြောင့်နိုင်ငံရေးရည်မှန်းချက်ဖြင့်
လက်နှက်ကိုင်တောခိုခဲ့ကြသောပါတီ၏ခေါင်းဆောင်ပိုင်း"ဗဟို"ကိုသိမ်းယူ၍အပြီးတိုင်ချေမှုန်းရန် အတွက်
တာဝန်ကိုထိုကိုးကန့်နှင့်ဝ ခေါင်းဆောင်တို့ကိုတာဝန်ပေးတာဝန်ယူစေခဲ့သည်။
ထိုအချိန်ကအားထားရသောတိုက်ခိုက်ရေးအဓိကစစ်ဆင်ရေးမှုးများနေရာများတွင်ဗမာနှင့်အခြားတိုင်းရင်း
သားတို့မပါရှိတော့ပဲကိုးကန့်နှင့်ဝများသာဖြစ်သည်။မကြာခဏဝင်ရောက်စွက်ဖက်သော။မြန်မာပြည်အတွက်
ကောင်းကွက်တစ်ခါမျှမရှိသောတရုတ်၏အကြံပေးချက်အရတရုတ်အမျိုးအနွယ်တရုတ်သြဇာခံဖုန်ကြားရှင်
သည်ထိုအစီအစဉ်ကိုအကောင်အထည်ဖေါ်နိုင်ခဲ့သည်။ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ၏လက်အောက်ခံ
ကိုးကန့်နှင့်ဝတပ်များစွာတို့သည်ပါတီ၏ဗဟိုဌာနချုပ်ကိုအင်အားအပြည့်ဖြင့်ဝိုင်းရံလျှက်သိမ်းယူလိုက်လေ
တော့သည်။
ထွက်မပြေးပဲကျန်ရစ်သောဥက္ကဌကြီးသခင်ဗသိန်းတင်သည်နောက်ဆုံးမိမိကိုယ်မိမိSusiteလုပ်ရန်အထိရည်ရွယ်ထားပုံဖြင့်သေနတ်ကိုရင်ပါတ်တွင်အသင့်အနေအထားဖြင့်ပက်လက်ကုလားထိုင်တွင်ထိုင်လျှက်ရှိခဲ့ပေသည်။၎င်းတို့မှ ဥက္ကဌကြီးကျွန်တော်တို့နဲ့ပူးပေါင်းပါ။ နာယကအဖြစ်တာဝန်ယူပေးပါဟုပြောရာဝါဒအတွက်ယုံကြည်ချက်ခိုင်မာပြီးမာကျောသောသင်ဗသိန်းတင်မှ
လက်မခံခဲ့ချေ။
ထိုအချိန်မှစ၍မြန်မာ့သမိုင်းတွင်မပါမဖြစ်အစဉ်အလာကြီးမားလှသော"ဗမာပြည်ကွန်မြူနစ်ပါတီ"မှာပျက်စီးခဲ့ရလေသည်။
ဗမာပြည်ကွန်မြူနစ်ပါတီကိုဖြိုခွဲရန်အတွက်အကြံကြီးကြံခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့်တို့၏လုပ်ဆောင်ချက်သည်နောက်ပိုင်းမှထင်ရှားစွာပေါ်လွင်ခဲ့လေသည်။
နောက်ဆက်တွဲများမှာတော့ယုတ်မာပင်စက်ခဲ့ကြသောဆရာတစ်ပည့်နှစ်ဦး၏လက်ချက်ပြောပြောဘယ်လို
ငြင်းငြင်းသမိုင်းမကောင်းပုံများပင်။
ရန်ကုန်မှာတရုတ်တန်းဆိုပြီးလသာလှည်းတန်းပန်းဘဲတန်းအထိနယ်မြေကန့်နယ်မြေကန့်သတ်ပေးခဲ့ရတယ် မန္တလေးမှာလည်းဘူတာကြီးအနောက်ဘက် တရုတ်တန်းဈေးရယ်လို့ ဖွင့်လှစ်ပေးခဲ့ရာက ခုတော့ မန္တလေးမြို့ဟာ တရုတ်မြို့ဖြစ်သွားခဲ့တာသမိုင်းဆိုင်ရာ တကယ့်အမှန် တရားဖြစ်သွားတယ်။ မြန်မာမ တော်တော်များများ တရုတ်မယားဖြစ်ကုန်တယ်။ ရှမ်းပြည်နယ်ကို ကိုးကန့်တွေ၊ ဝတွေလက် ထဲ ထိုးအပ်ခဲ့တယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့် တို့သည်ပထမ မြန်မာပြည်ကို တရုတ်လက်ထဲ လက်ညှိုးထိုး ရောင်းစားခဲ့သောအခြေအနေအထိသက်ရောက်ခဲ့လေသည်။
ဗကပ ကို ဖြိုခွဲချင်တာနဲ့ ဝနဲ့ ကိုးကန့်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့်တွေပေးပြီး မန္တလေးအထိ ထင်တိုင်းကျဲစေခဲ့ တယ်။ နဝတ၊ နအဖ ခေတ်တစ်လျှောက်လုံး ကိုးကန့်တွေ၊ ဝတွေ မန္တလေးထိတက်ပြီး -မင်းမူနေခဲ့တယ်။ ဖုန်ကြားရှင်ကို တပည့်မွေးပြီး သခင်ဗသိန်းတင် လက်ထဲက ဗမာပြည်ကွန်မြူနစ်ပါတီကို အာဏာသိမ်းခိုင်းလိုက်တယ်။ ဗမာပြည်ကွန်မြူနစ် ပါတီ ပြိုကွဲသွားတယ်။ ဖုန်ကြားရှင်ကအကောင်ထွားလာတယ်။ အာဏာရူးလာတယ်။ လောဘတက်လာတယ်။ ဝပြည်နယ် က လက်နက်စက်ရုံတွေ ထောင်လာတယ်။ တပ်အင်အားကို သုံးသောင်းအထိ တိုးချဲ့လာတယ်။ အခွန်ကို သူ့ဘာသာသူကောက် တယ်။ မြန်မာလဝက အလိုမရှိဘူး။ မြန်မာရဲ့ မြန်မာ့စစ်တပ်တွေကိုမောင်းထုတ်
ထား တယ်။ ဝပြည်နယ်သားအားလုံးဟာ မြန်မာကို အထင်မကြီးဘူး။ တရုတ်ကိုပဲ အထင်ကြီးတယ်။ မြန်မာအုပ်ချုပ်တာ အလိုမရှိဘူး။ တရုတ်အုပ်ချုပ်တာကိုပဲ လိုချင် ကြတယ်။
မြန်မာ့ယူကရိန်း ဖြစ်မှန်းမသိ ဖြစ်သွားတယ်။ မြန်မာ့မြေပုံ ပဲ့သွားတယ်လို့ ပြောလို့ရတယ်။
နောက်ပိုင်းမှာ မြန်မာ အစိုးရဟာ ဝကိုတော့ မထိရဲဘူး။ ဖုန်ကြားရှင်ကိုတော့ သူတို့တပည့်လို့ အထင်ရောက်ပြီး ဖုန်ကြားရှင်တပ်ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းစေခဲ့တယ်။ စစ်အာဏာရှင် ဖုန်ကြားရှင်ကလည်း ဘဝင်မြင့် တယ်။ တရုတ်သွေးပါသူပီပီ မြန်မာကို အထင်မကြီးဘူး။ တရုတ်ကိုပဲ အထင်ကြီးတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ မိတ်ဆွေ ရဲဘော်ကြီး ဗိုလ်ခင်ညွန့်လည်း မရှိတော့ဘူး။ သူ အာခံတယ်။ ကာပြန်တယ်။ အဲဒီမှာ မြန်မာစစ်တပ်က သူ့ကို မောင်းထုတ်၊ တိုက်ထုတ်လိုက်တယ်။ ထုံးစံအတိုင်း သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ယူနမ်၊ စီချွမ်ဘက်ကို ထွက်ပြေးသွားတယ်။
နောက်ပိုင်းပြသနာကိုဗိုလ်သန်းရွှေတွက်မိပြီ။ဗိုလ်သန်းရွှေကအင်မတန်လျှင်သည်။ဗိုလ်ခင်ညွန့်ကိုခိုင်းစရာရှိတာအကုန်ခိုင်းသည်။အပြစ်အားလုံးဗိုလ်ခင်ညွန့်ပေါ်ပုံချသည်။စစ်တပ်ထဲမှတစ်ကယ့်စစ်သားကြီးများကိုရှင်းတာကောနိုင်ငံရေးတွင်ပြည်သူထောက်ခံသည့်နိုင်ငံရေးသမားများနှင့်ခေါင်းဆောင်များကိုအကွက်များစွာဖြင့်ယုတ်ယုတ်မာမာရှင်းတာရောဟိုကိစ္စကောဒီကိစ္စကောလုပ်-ဆောင်ခဲ့သည့်ဗိုလ်ခင်ညွန့်ကိုပုဒ်မများစွာတပ်ကာလျှင်လျှင်မြန်မြန်သုတ်သင်ခဲ့လေသည်။ထိုကိစ္စများတွင်နံပါတ် (၁)ဆရာကြီးဗိုလ်ခင်ညွန့်သည်ခံစားသွားရသည်။
ဖုန်ကြားရှင်ကသူ့ပြည်နယ်ရရှိရေးအတွက် ပြန်လည်ထိုးစစ်ဆင်တယ်လို့ပြောတယ်။ ဒါပေမဲ့ဘယ်ကစစ်အင်အားနဲ့ကမ္ဘာ့အဆင့်၁၅ရှိတဲ့မြန်မာ့တပ်မတော်ကိုဘယ်သူ့အားကိုးနဲ့အင်အားစမ်းသလဲဆိုတာလဲပေါ်လွင်လာပါသည်။
မြန်မာစစ်တပ်က ဖုန်ကြား ရှင်အုပ်စုကို ပြန်လည်တိုက်ခိုက်၊မောင်းထုတ်လိုက်တော့ရူးချင်ယောင်ဆောင်ပြီး ငြိမ်းချမ်းရေး စကားပြောလာတယ်။
တရုတ်ကိုလည်း ကြောက်ရသေးတယ်ပြောတဲ့ U.N.P.C က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအားကိုးနဲ့ ဒီငြိမ်းချမ်းရေး စကားကို အရူးကွက်နင်းပြီး ပြောလာတာလား။
စစ်ရာဇဝတ်ကောင်၊ ဘိန်းရာဇာ၊ လူသတ်ဝရမ်းပြေး ဖုန်ကြားရှင်ကို လူတစ်လုံး သူတစ်လုံး နေရာပြန်ပေးဖို့ စစ်ကို မလို လားတဲ့၊ စစ်မတိုက်ရဲတဲ့ ဦးအောင်မင်းတို့အုပ်စုက ကျဆုံးလေပြီးသော တပ်မတော်သားတွေရဲ့ မျက်နှာကိုမကြည့်တော့ဘူးလားဖုန်ကြားရှင်နဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်နဲ့ပြန်လက်ခံမလို့လားမသိ။အခြေအနေကကြည့်မကောင်းတော့ဖုန်ကြားရှင်၏တောင်းဆိုချက်ကိုလက်မခံတော့ပါ။
တရုတ်ကို အလျှော့ပေးပေါင်းခဲ့တာ ကြာပါပြီ။ မြန်မာ့သယံဇာတ တွေလည်း ပြောင်တလင်းခါနေပါပြီ။ မြန်မာမှန်ရင် ငါးပိကို ချစ်တာ အားလုံးသိကြပါတယ်။ မြန်မာတွေ ငါးပိကိုချစ်သလို တရုတ်ကို ဆက်ချစ်မယ်ဆိုရင်တော့ တရုတ်တွေဟာ ချစ်တီး တွေထက်အဆရာထောင်ချီကြာက်စရာကောင်းတာ
တော့ အမှန်ပါပဲ။ ရွှေကိုယူသည်၊ ငွေကိုယူသည်၊ မြေကိုယူသည်။ ပြီးတော့ လူကိုပါယူသည် ဖြစ်လို့နေပါပြီ။
တရုတ်နောက်လိုက်တွေက ကုလားမုန်းတီးရေးသွေးထိုးမြှောက်ပင့်ပြီးရခိုင်ကိုအထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ တကယ် တော့ ရခိုင်ရဲ့ သယံဇာတတွေကို ဓားပြတိုက်၊ ခိုးဝှက်ယူနေတာ လက်တွေ့ဘယ်သူပါ လဲ။ကျောက်ဖြူကူမင်းပိုက်လိုင်းကြီး သွယ်ပြီးရေနံနဲ့သဘာဝဓာတ်ငွေ့တွေကိုတရုတ်ပြည်ထဲယက်ယူနေတာဘယ်သူတွေပါလဲ။
အဲဒါ တရုတ်လူမျိုး၊ တရုတ်အစိုးရပါ။ လက်ပံတောင်းတောင်က ကြေးနီသယံဇာတတွေကို လှီးယူနေတာ ဘယ်သူတွေလဲ။ ဝမ်ပေါင်ဆိုတဲ့ တရုတ်တွေပါ။ တရုတ်ကဖိ ရှမ်းကတော့ အိနေပါပြီ။ သွေးရိုးသားရိုးလား၊ ဆန်းဆန်းပြားပြားလား ဝေဖန် ဖို့တော့ စောပါသေးတယ်။ဒီကြားထဲမြစ်ဆုံကိစ္စကလည်းတို့လို့တန်းလန်း။
သေချာတာကတော့တရုတ်နဲ့ရန်ဖြစ်ချင်ယောင်ဆောင်ပြီးမြန်မာ့တပ်မတော်ကိုပြည်သူတွေအားကိုးလာ
အောင်၊ ရွေးကောက် ပွဲမှာ အထောက်အကူရအောင် လုပ်လိုက်တဲ့ အကွက်ပါ။
၁၉၆၇ ခုနှစ်မှာ မြန်မာအချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်လာခဲ့တယ်။ ရန်ကုန်မြို့မှာ မော်စီတုန်းတံဆိပ်တွေ တရုတ်ကျောင်း၊ မြန်မာကျောင်းတွေမှာ ရင်ထိုးတံဆိပ်အဖြစ် ပေါ်ပေါ်တင်တင် သုံးစွဲလာပြီး လူမျိုးရေး အဓိကရုဏ်း ဖြစ်အောင် ကြိုးစားလာတယ်။
၁၉၅၀ ပြည့်နှစ်မှ ၁၉၅၂ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ် တိုက်ပွဲမှာ တရုတ်တွေက မြောက်ကိုရီးယားဘက်က ဝင်တိုက်ပေးတယ်။
၁၉၆၀ ပြည့်နှစ်မှာ ရုရှား-တရုတ် နယ်စပ်စစ်ပွဲဖြစ်တယ်။ ၁၉၇၀ ပြည့်နှစ်ကျော်ထဲမှာ တရုတ်၊ အိန္ဒိယ တောင်ပေါ်နယ်စပ် တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးတယ်။ ၁၉၇၉ ခုနှစ်မှာ တရုတ်၊ ဗီယက်နမ် နယ်စပ်တိုက်ပွဲဖြစ်ခဲ့တာ ဘာမှမကြာသေးဘူး။
အလွန်အင်မတန် ကြောက်စရာကောင်းလှတဲ့ တရုတ်က မြန်မာ့အရေး ကို ဝင်ရောက်စွက်ဖက်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ မြန်မာကို ဒုက္ခပေးတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ မြန်မာကို ကျယ်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး။
အဲဒါ တရုတ်လူမျိုး၊ တရုတ်အစိုးရပါ။ လက်ပံတောင်းတောင်က ကြေးနီသယံဇာတတွေကို လှီးယူနေတာ ဘယ်သူတွေလဲ။ ဝမ်ပေါင်ဆိုတဲ့ တရုတ်တွေပါ။တဘောင်ရှိပါသည်။ တရုတ်ကဖိ ရှမ်းကတော့ အိနေပါပြီ။ သွေးရိုးသားရိုးလား၊ ဆန်းဆန်းပြားပြားလား တဘောင်အတိုင်းဝေဖန် ဖို့တော့ စောပါသေးသည်။
မြစ်ဆုံကိစ္စမှာလည်းဖြေရှင်းရန်အတော်ကြိုးစားရပါမည်။
တရုတ်ကမြန်မာ့သယံဇာတများကို တရားဝင်သဘောတူ၍ပိုက်ဆံပေးကာယူကြောင်း မြန်မာနိုင်ငံသည်
မဟာဗျူဟာကျသောသူတို့နှင့်ထိစပ်နေသောနိုင်ငံဖြစ်သဖြင့်အမေရိကန်ကဲ့သို့သောအင်အားကြီးနိုင်ငံမှ
ဝင်ရောက်အကူအညီပေးချယ်လှယ်မည်ဆိုပါကလက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်းကိုလည်းရာဇသံပေးလာသေးသည်။သိန်းဖေမြင့်လားသခင်စိုးလားတော့မမှတ်မိ -ပြောသည့်စကားမှာနေဝင်းအာဏာသိမ်းမှပဲတိုင်းပြည်ကလုံးလုံးပျက်ပြီ,ရစရာကိုမရှိတော့ဘူးဟူ၍ဖြစ်ပါ
သည်။ယခုမှာမူဗိုလ်ချုပ်ကြီးသန်းရွှေကတော့ ဘီလျံ့ ဘီလျံ ဘီလျံအထပ်ကွမ်းပေါင်းများစွာချမ်းသာလေပြီ။
သူတို့အဖွဲ့သူတို့နှင့်ပေါင်းသောခရိုနီများသည်လည်းဆယ်သက်မကသုံးမကုန် ဖြုန်းမကုန်အလုံးစုံ။ဆင်းရဲ
သားလူတန်းစားတို့၏တွင်းသည်လည်းနက်သည်ထက်နက်ကာပြန်တက်ရန်မှီနိုင်မည်မဟုတ်ပါ။
မြစ်ဆုံပြသနာ
ယခုကျန်ရှိနေသောပြသနာတစ်ရပ်ဖြစ်သည့်မြစ်ဆုံကိစ္စကိုလည်းတရုတ်တို့မှအလျော့မပေးပဲဖြစ်နေပါသည်။
သေချာစွာစဉ်းစားပါမူထိုမြစ်ဆုံကိစ္စကိုပြေလည်အောင်ဝိုင်းဝန်းကြံဆောင်ရမည်မှာကြီးလေးသောခက်ခဲသောတာဝန်တစ်ခုပင်ဖြစ်ပါသည်။
Created by Thethtar Batheintin
Comments
Post a Comment