ဘလော့ခရီးသည်: ဥပဒေစိုးမိုးရေးလုပ်သင့်ပြီ Get link Facebook X Pinterest Email Other Apps October 03, 2016 ဘလော့ခရီးသည်: ဥပဒေစိုးမိုးရေးလုပ်သင့်ပြီ: တရားဥပဒေဆိုသည်မှာ ယခုတစ်လော မြင်တွေ့ကြားသိနေရသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ အဓိက တရားခံကို ရှာကြည့်မိရာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမို... Get link Facebook X Pinterest Email Other Apps Comments
နဂါးနီစာအုပ်အသင်း December 23, 2014 နဂါးနီစာအုပ်အသင်း နဂါးနီဦးထွန်းအေး နဂါးနီ စာအုပ်အသင်းကို ၁၉၃၇ ခု အတွင်း သခင်လူငယ် ခေတ်ပညာတတ်များက ဦးဆောင်၍ တည်ထောင်ခဲ့သည်။ နဂါးနီစာအုပ်အသင်းကို ၁၉၃၇ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် စတင်တည်ထောင်၍ ကိုနု (သခင်နု) က ငွေ ၅ဝဝ ကျပ်၊ ကိုထွန်းအေး (နဂါးနီ ဦးထွန်းအေး)က ငွေ ၅ဝဝ ကျပ်ဖြင့် မတည်ခဲ့သည်။ အတွင်းရေးမှူး အဖြစ် ကိုထွန်းအေးက ဆောင်ရွက် သည်။ စာအုပ် ရွေးချယ်ရေး တာဝန်ခံအဖြစ် ကိုနု၊ ကိုသန်းထွန်း (သခင် သန်းထွန်း)၊ ကိုစိုး (သခင်စိုး)တို့က တာဝန် ယူခဲ့သည်။ သခင်ချစ်၊ ကိုထွန်းရွှေ (နဂါးနီ ဦးထွန်းရွှေ)၊ သခင် ထိန်ဝင်း၊ တက်ဘုန်း ကြီး သိန်းဖေ (သိန်းဖေမြင့်)၊ မြို့မ ဆရာဟိန်တို့က ဝိုင်းဝန်း ကူညီသည်။ အသင်း၏ မူလတည်ရာမှာ အမှတ် ၁၅ဝ၊ စကော့ဈေး (ဗိုလ်ချုပ်ဈေး) ဖြစ်သည်။ နဂါးနီစာအုပ်အသင်းကို အင်္ဂလန်လက်ဝဲ စာအုပ်အသင်း (Left Book Club) ကို စံနမူနာယူ၍ ဈေးပေါပေါဖြင့် စာဖတ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ ‘တစ်လ လျှင် ၁ဝ ပဲတန် သော့နှင့် ကမ္ဘာ့ဘဏ် တိုက်ကြီးကို ဖွင့်လော့’ဟု ကြွေးကြော်ကာ အသင်းသား စည်းရုံးသည်။ အသင်းသား များအား ၂ ကျပ်၊ ၂ ကျပ်ခွဲတန် စာအုပ်ကို ၁ဝ ပဲနှုန်းဖြင့် ရောင်းချမည်။ နဂါးနီ စာအုပ်အသင်း Read more
မြစ်ဆုံပြသနာ။ဗမာပြည်ကွန်မြူနစ်ပါတီ- စစ်အစိုးရနှင့်ဖုန်ကြားရှင် October 07, 2016 မြစ်ဆုံပြသနာ။ ဗမာပြည်ကွန်မြူနစ်ပါတီ-စစ်အစိုးရနှင့်ဖုန်ကြားရှင် ဗမာပြည်ကွန်မြူနစ်ပါတီ။စစ်အစိုးရနှင့်ဖုန်ကြားရှင် နယ်ခြားရောက် ဗကပဗဟို၏ ပန်ဆန်း ဗဟိုကော်မတီ အစည်းအဝေးတွင် တင်သွင်းသော သခင်ဗသိန်းတင်၏ နိုင်ငံရေး အစီရင်ခံစာသည် သဘောတရားရေးအရ နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်း အခြေအနေ၊ ရှေ့လုပ်ငန်း တာဝန်များနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ဗဟိုကော်မတီတွင် သခင်ဗသိန်းတင် တင်သွင်းသော နိုင်ငံရေး အစီရင်ခံစာ၌ ကေဒါတပ်ဖွဲ့ နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြထားသည်။ အရှေ့မြောက်ပိုင်း စစ်ဒေသမှာရှိတဲ့ ကေဒါတပ်ဖွဲ့ထဲက မနည်းလှတဲ့ ကေဒါတွေဟာ အတွေးအခေါ်အရ၊ နေထိုင်မှု ဘဝအရ၊ ကွန်မြူနစ် လူ့ကျင့်ဝတ်အရ မှန်တန်းမဟုတ်ဘဲ ဆုတ်ယုတ် ပျက်စီးလာတာ တွေ့ရတယ်။ ဒါတွေဟာ ပါတီ၊ တော်လှန်ရေး၊ လူထုနဲ့ အများအကျိုးထက် ကိုယ်ကျိုးကို ဦးထိပ်တင် လာတဲ့အတွက်ဖြစ်တယ်။ တပ်ထဲမှာ စစ်ဘုရင်ဝါဒ အကြွင်းအကျန်များ၊ တပ်သားရဲဘော်များကို ကျေးကျွန်လို ခိုင်းစေတဲ့ အပြုအမူများ၊ မှောင်ခိုကိစ္စများ၊ ရုပ်ဝတ္ထု ပစ္စည်းများကို ထိန်းသိမ်းရာမှာ မလိုလားအပ်တဲ့ ပျက်စီး ဆုံးရှုံးခြင်းများ၊ လာဘ်ယူ လာဘ်စားခြင်းများ၊ အများပိုင် ပစ္စည်းများကို အလွဲသုံးစား လုပ်ခြင်း Read more
ဂိုရှယ်၏စစ်တမ်းနှင့်ပတ်သက်၍ပြန်လည်ရှင်းလင်းတင်ပြချက် December 24, 2014 ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက် “အခုတလော အပြောများနေကြတဲ့ ဂိုရှယ်စစ်တမ်းဆိုတာ တကယ်ရှိသလား” ဒါနဲ့ပတ်သက်ပြီး ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလတွင်ပြည်သူ့အာဏာဂျာနယ် အမှတ် (၁၁) မှ ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက် ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲများအထဲတွင် “ဗမာပြည်ရှိ ကွန်မြူနစ်ဝါဒနှင့်ပတ်သက်သော စာရွက်စာတမ်းများ ၁၉၄၅ – ၁၉၇၇ ခုနှစ်” ဟူသည့် ဖိုင်တွဲတတွဲ ရှိသည်။ ယင်းဖိုင်တွဲ၏ စာမျက်နှာ ၈၃ တွင် “ဗမာပြည် မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များ” ရေးသူ ဗတင်၊ ၁၉၄၈ ခုနှစ်၊ မတ်လ (?) ဟူသော စာတမ်းစောင်လည်း ပါရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်း အထူးသဖြင့် ပြည်တွင်းစစ် စတင်ပေါ်ပေါက်မှုအကြောင်း ရေးသားပြောဆိုကြရာတွင် အနောက်တိုင်းမှ စာရေးသူများရော၊ ဗမာပြည် အုပ်စိုးသူလူတန်းစားအား ကိုယ်စားပြုရေးသူများပါ ဤစာတမ်းကို မကြာခဏ ကိုးကားလေ့ရှိကြသည်။ ဤစာတမ်းနှင့်ပတ်သက်ပြီး ထိုစဉ်က ကောင်းကောင်းသိရှိသူတဦး၏ ရှင်းပြချက်ကို အောက်တွင်ဖော်ပြလိုက်ပါသည်။ Read more
Comments
Post a Comment