မြစ်ဆုံပြသနာ။ဗမာပြည်ကွန်မြူနစ်ပါတီ- စစ်အစိုးရနှင့်ဖုန်ကြားရှင်
မြစ်ဆုံပြသနာ။ ဗမာပြည်ကွန်မြူနစ်ပါတီ-စစ်အစိုးရနှင့်ဖုန်ကြားရှင် ဗမာပြည်ကွန်မြူနစ်ပါတီ။စစ်အစိုးရနှင့်ဖုန်ကြားရှင် နယ်ခြားရောက် ဗကပဗဟို၏ ပန်ဆန်း ဗဟိုကော်မတီ အစည်းအဝေးတွင် တင်သွင်းသော သခင်ဗသိန်းတင်၏ နိုင်ငံရေး အစီရင်ခံစာသည် သဘောတရားရေးအရ နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်း အခြေအနေ၊ ရှေ့လုပ်ငန်း တာဝန်များနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ဗဟိုကော်မတီတွင် သခင်ဗသိန်းတင် တင်သွင်းသော နိုင်ငံရေး အစီရင်ခံစာ၌ ကေဒါတပ်ဖွဲ့ နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြထားသည်။ အရှေ့မြောက်ပိုင်း စစ်ဒေသမှာရှိတဲ့ ကေဒါတပ်ဖွဲ့ထဲက မနည်းလှတဲ့ ကေဒါတွေဟာ အတွေးအခေါ်အရ၊ နေထိုင်မှု ဘဝအရ၊ ကွန်မြူနစ် လူ့ကျင့်ဝတ်အရ မှန်တန်းမဟုတ်ဘဲ ဆုတ်ယုတ် ပျက်စီးလာတာ တွေ့ရတယ်။ ဒါတွေဟာ ပါတီ၊ တော်လှန်ရေး၊ လူထုနဲ့ အများအကျိုးထက် ကိုယ်ကျိုးကို ဦးထိပ်တင် လာတဲ့အတွက်ဖြစ်တယ်။ တပ်ထဲမှာ စစ်ဘုရင်ဝါဒ အကြွင်းအကျန်များ၊ တပ်သားရဲဘော်များကို ကျေးကျွန်လို ခိုင်းစေတဲ့ အပြုအမူများ၊ မှောင်ခိုကိစ္စများ၊ ရုပ်ဝတ္ထု ပစ္စည်းများကို ထိန်းသိမ်းရာမှာ မလိုလားအပ်တဲ့ ပျက်စီး ဆုံးရှုံးခြင်းများ၊ လာဘ်ယူ လာဘ်စားခြင်းများ၊ အများပိုင် ပစ္စည်းများကို အလွဲသုံးစား လုပ်ခြင်း