Posts

Showing posts from 2015

ကြယ်​နီများစွာရဲ့အရုဏ်

Image
ကြယ်​နီများစွာရဲ့အရုဏ်​ ပြည်တွင်းစစ်က တဝက် ဖက်ဆစ်နယ်ချဲ့တို့က တဝက် ရာသက်ပန်ဆုတောင်းကြီး မကောင်းခဲ့ရှာလို့လား နှစ်တရာဟာ နိုင်ငံရေး နှစ်တရာဟာ အမျိုးသားရေး နှစ်တရာဟာ တော်လှန်ရေးပါ… အရုဏ်တက်မယ်ကြံတိုင်း မိုးမှောင်က ကျ အောင်ပွဲအခမ်းအနားအစ တိုက်ပွဲသစ်က ထပ်ပေါ် ရှော်လိုက်တဲ့ ကံကြမ္မာနှယ်…။ ဒီတိုင်းပြည်ဟာ အာဏာရှင်အပြောင်းအလဲအပြင် ဒီမိုကရေစီ အရည်ကျဲကျဲလည်း နည်းနည်းတော့ ကြုံဖူးတယ်… အငုံအဖူးလေးကိုမှ ခုန်ခူးလိုက်ကြတာဗျို… အကိုင်းကိုညွှတ် ပန်းကိုဆွတ်မည် လက်လွှတ်ရမှာ စိုးသတဲ့… အကိုင်းလည်းကျိုး ပန်းလည်းညှိုးတော့ 'တွေးမိတိုင်း အရိုးနာရတယ်' အဖိုးဆရာဖေရဲ့ ကဗျာကဝေ ပညတ်ကြောင့် ဓါတ်သက်များ ပါရော့သလား လင်မယား ရန်ဖြစ်တော့ မီးဖိုချောင် ခွေးစာဖြစ်တော့တာပေါ့…။ သမဆိုင် ပစ္စည်းပေးသလို လွတ်လပ်ရေးနဲ့ တွဲယူလိုက်ရတဲ့ ပြည်တွင်းစစ်မီးပူပူဟာ အာဏာရှင်အဆိပ်ခွက်ကို ချက်ပြုတ်ပေးခဲ့တယ်လေ… ခွေးသားဆို ကြော်မကောင်းလို့  ဆိတ်ခေါင်းကို ဆိုင်မှာချိတ် အရိပ်မထွက်လို့ ဘီလူးမှန်း သိတော့မှ ဘီလူးလက်က ကလေးကို မဟော်သဓာ ယူပေးနိုးနဲ့  မျှော်ကိုးတဲ့သူတွေလည်း ရှိရဲ့  သတိကောင်းသူများကတော့ အသား

ဒဂုံတာရာ၏သခင်​သန်းထွန်း

Image
သခင်သန်းထွန်း (၁) သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက် ရေးသူ - ဒဂုန်တာရာ လူငယ်လည်း ဖြစ်ရမည်၊ အဝတ်အစား ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းနှင့်၊ (ဒါမှပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်) အကြမ်းပတမ်း လက်နက်ကိုင်ထကြွမှုကို လိုလားသူ။ ယေဘူယျ လူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ဘဲဟု အောက်မေ့လျက် ရှိကြသည်။ ကွန်မြူနစ်ဆိုသူမှာလည်း စင်စစ်၊ သွေးနှင့်သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင်ဖြစ်ပါသည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက်လိင်ကို တောင့်တသော သွေးစိတ်သားစိတ်၊ မိမိသာလျှင် တွင်ကျယ်ချင်သော အတ္တစိတ်၊ တခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟစိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ 'လူသည် မိမိသာ လူတွင်ကျယ်ဖြစ်ကြောင်း ပြလိုသည်' ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ အတူတူချည်းပဲ ဖြစ်သည်။ သို့သော်၊ သို့သော်…. လူတွေထဲမှာဘဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေး
Image
၈၈ - စစ်အစိုးရနှင့်ကွန်မြူနစ်ပါတီ( မြန်မာပြည်) ယခင်မဖြစ်ခဲ့ဖူးသည့်ဖြစ်ထွန်းမှုများနှင့် ပတ်သက်သော မြန်မာတပ်မတော် အစိုးရ မှာ ရှုပ်ရှုပ်ထွေးထွေး နိုင်သလို ခုတစ်မျိုး၊ တော်ကြာတစ်မျိုး အပြောင်းအလဲလည်း မြန်လှသည်။ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက် တပ်မတော်အနေနှင့် ၎င်း၏အခိုင်အမာ အာဏာစက်ကို အင်အားသုံး ပြသခဲ့ပြီးနောက် ၎င်း၏လုပ်ရပ်များ တရားကြောင်း သက်သေပြနိုင်ရန် ထုံးစံအတိုင်း ‘ဗကပ ခြိမ်းခြောက်မှု’ဆိုသည်ကို ကြိုးစား ဖော်ထုတ်ခဲ့သည်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့ထုတ် အစိုးရအာဘော် သတင်းစာ ‘လုပ်သား ပြည်သူ့နေ့စဉ်’ တွင် ထူးထူးခြားခြား စိတ်ကူးကောင်းသည့် ဆောင်းပါးတစ်ပုဒ် ပါလာသည်။ ဆောင်းပါး ခေါင်းစဉ်မှာ ‘ဒီမိုကရေစီ ကြွေးကြော်သံများ ကြားမှ ဗကပ ပဉ္စမံ တပ်သားများ’ ဟူ၏။ (အစိုးရက CPB ကို ဗကပဟု အမြဲသုံးသည်။) ဤဆောင်းပါးတွင် ယခုလို ရေးထားသည်။ “ကျောင်းသားများ အင်အားစု တစ်ရပ်အဖြစ် စုစည်းလာသည်နှင့် ဗကပ အမာခံ ကျောင်းသားများမှာ ခေါင်းဆောင်မှု နေရာများကို ရယူလိုက်ကြပါသည်။ သာမန် မကျေနပ် စိတ်သာရှိကြသော ရိုးရိုးကျောင်းသားများ အနေနှင့် ဗကပ ကလာပ်စည်းဝင် ကျောင်းသားများ၏ စစ်သွေးကြွ လှုပ်ရှားမှုများကို မည်သို့မျှ ယှဉ်

တို့ဗမာအစည်းအရုံး

Image
တို့ဗမာအစည်းအရုံး မြန်မာ့လွတ်လပ်‌ရေး ကြိုးပမ်းကြရာတွင် တခန်းတကဏ္ဍအဖြစ်ပါဝင်လျက် ထင်ရှား‌ပေါ်လွင်ခဲ့‌သော တို့ဗမာအစည်းအရုံးကြီးသည် သက္ကရာဇ် ၁၂၉၂ ခု (ခရစ်သက္ကရာဇ် ၁၉၃၀-၃၁) ခုနှစ်‌လောက်တွင် စတင်‌ပေါ်‌ပေါက်လာခဲ့‌လေသည်။ ဗမာပြည်သည် - တို့ပြည် ဗမာစာသည် - တို့စာ ဗမာစကားသည် - တို့စကား တို့ပြည်ကို - ချစ်ပါ တို့စာကို - ချီးမြှင့်ပါ တို့စကားကို - ‌လေးစားပါ ဟူ‌သော ‌ကြွေး‌ကြော်သံတို့ဖြင့် တို့ဗာအစည်းအရုံးဟူ၍ လူငယ်များက ဖွဲ့စည်းတည်‌ထောင်ကြ‌လေသည်။ တို့ဗမာအစည်းအရုံးကို စတင်တည်‌ထောင်သူမှာ သခင်ဘ‌သောင်းဖြစ်၏။ သခင်ဘ‌သောင်းအား သခင်လှ‌ဘော်၊ ကိုအုံးခင်(ခြေလျင်) (ဗမာ့‌ခေတ်သတင်းစာတိုက်ရှင်)၊ ကိုတင်စိန်၊ ကိုကျော်ထွန်းစိန်စသည့် လူငယ်တစုက အစပထမတွင် ကူညီအား‌ပေးကြ၏။ ‌နောက် သခင်ဗစိန်၊ သခင်သိန်း‌မောင်၊ သခင်ထွန်း‌ရွှေတို့ပါလာကြ၏။ တို့ဗမာအစည်းအရုံးဝင်တို့သည် သခင်အမည်ခံရသဖြင့် လူအများက တို့ဗမာအစည်းအရုံးကို သခင်ပါတီဟူ၍လည်း ‌ခေါ်ဆိုကြ‌လေသည်။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့သည်။ ထိုအခြေအနေတွင် သခင်ဘသောင်းက ဦးဆောင်၍ မျိုးချစ်လူငယ်တစုက မြန်မာတိုင်းရင်းသားတို့၏ ဇာတိသွေးဇာတိမာန်ကို လှုံ့ဆော်ပေးပြီး တိကျပြတ်သားသော
Image
ဘိန်းရာဇာဖုန်ကြားရှင် ဖုန်ကြားရှင် ဖုန်ကြားရှင်(Peng Jiasheng) ဇို့ချွမ် (Szechuan) တရုတ်မျိုးနွယ်မှ ဆင်း သက်လာသော ဖုန်ကြားရှင်ကို ၁၉၃၁ မှာ ကိုး ကန့်က ဟောင်ဆော်ထူးဟော် ရွာလေးမှာ မွေးဖွားသည်။ ၁၉၆၀ ကျော်ကာလများတွင် ဂျင်မီ ယန်း၏ ကိုးကန့်တော်လှန်ရေး တပ်ဖွဲ့တွင် အရာရှိအဖြစ်တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ မှာ  တရုပ်ပြ ည်ရှိ  ကွန်မြူနစ်ပါတီကေဒါများနှင့် အ ဆက်အသွယ်ရသည်။ လက်နက်အထောက်အပံ့တွေ ရမည်ဟု ကတိကဝတ်ရခဲ့သည်။ နောက်ပိုင်းတွင် ဖုန်ကြားရှင်သည် သူ့ညီ ဖုန်ကြားဖူနှင့်အတူ  ဘေကျင်းကို သွားခဲ့သည်။ ၁၉၆၈၊ ဇန်နဝါရီ ၅ ရက်နေ့မှာ တရုတ်ပြည်မှစ၍ ကိုးကန့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဦးဆောင်ပြီး ကိုးကန့်ဒေသ ကို ပြန်လည်ဝင်ရောက်ခဲ့သည်။  ထို့နောက် ကွန်မြူ နစ်ပါတီ၏လက်အောက်ခံအဖြစ်နေထိုင်ပြီးဆင် ကြံကြံနေခဲ့သည်။ ။  ၁၉၈၈ အစောပိုင်းလောက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို စတင်လုပ်ကိုင်သည်ဟု သုံးသပ်သူတွေက ဆိုသည်။ ၁၉၈၉ မတ်လမှ ညီဖြစ်သူ ဖုန်ကြားဖူနှင့်အတူ နဝတအစိုးရ၏မက်မော လောက်သောအခွင့်အရေးပေးမှုကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ ကိုပြန်လည် ပုန်ကန်ပြီးအင်အားနည်းနေပြီ ဖြစ်သောကွန်မြူနစ်ပါတီဗဟိုကိုတစ်ဖက်နိုင်